Showing posts with label အနုပညာ. Show all posts
Showing posts with label အနုပညာ. Show all posts

Tuesday, August 12, 2014

* မြစ်ကြီးနားသူ အမွန်းရဲ့ နောက်ဆုံးစီးရီး *

ဲမြစ်ကြီးနားမှာ မွေးဖွားပြီး အမေရိကန်မှာ အနုပညာဖြင့် အောင်မြင်နေသော

အဆိုတော် Ah Moon အမွန်းရဲ့ နောက်ဆုံးစီးရီးကို သူမ၏ လူမှုကွန်ယက် facebook မှာလွှင့်တင်ပြောပြထားပါတယ်။ အောက်မှာနားဆင်ကြည့်ပါ။

( https://www.facebook.com/AhMoonOfficial?fref=nf ) Facebook fan page ပါ။


Here's a new song from my Burmese album coming out the middle of August!!! Thank you all for your support, I'm coming back to Myanmar on Sunday!
အမွန်းရေးတဲ့ထားတဲ့ သီချင်းလေးနောက်တစ်ပုဒ်ကိုခွေမထွက်ခင်နားထောင်ကြည့် ဖို့ ခုပဲ တင်လိုက်ပြီ! August လ တတိယပါတ် ဆိုရင်တော့ တစ်ခွေ လုံးအားပေးလို့ ရပြီ နော် !
"အမွန်း - Go ပါ No ပါ ဒိုးပါ"
...
https://soundcloud.com/ahmoon/go-par-no-par-doe-par


 
ဓါတ်ပုံ - အမွန်း FB မှ
 
 
 
MOGAUNG EXPRESS မှပြန်လည်မျှဝေးပေးပါသည်။
 

* ဟာသသရုပ်ဆောင်မင်းသားကြီး ရော်ဘင်ဝီလျံ သေဆုံး *

အော်စကာဆုရ ဟာသသရုပ်ဆောင်မင်းသားကြီး ရော်ဘင်ဝီလျံ သေဆုံး၊
မိမိကိုယ်အဆုံးစီရင်ခြင်းဟုရဲကယူဆ၊



ဟာသရုပ်ရှင်ကားတွေနဲ့ တစ်ကမ္ဘာလုံးကပရိသတ်တွေနှစ်သက်ခဲ့ကြတဲ့ အော်စကာဆုရရုပ်ရှင် မင်းသားကြီး ရော်ဘင်ဝီလျံတစ်ယောက် ကာလီဖိုးနီးယား၊တစ်ဗ်ဘူရွန်မှာရှိတဲ့သူရဲ့နေအိမ်မှာ တင်္နလာနေ့က သေဆုံးသွား ပါတယ်။
...
အသက် ၆၃နှစ်အရွယ်ရှိပြီဖြစ်တဲ့မင်းသားကြီးဟာ စိတ်ကျရောဂါဆိုးဆိုးဝါးဝါးခံစားနေရတယ်လို့ သူ့ရဲ့ ပြောရေးဆိုခွင့်ရသူကပြောကြားလိုက်ပြီး သေဆုံးမှုဟာ မိမိကိုယ်မိမိအဆုံးစီရင်မှုဖြစ်နိုင်တယ်လို့ ရဲက သံသယ ရှိနေပါတယ်။
သူသရုပ်ဆောင်ခဲ့တဲ့Good Will Hunting၊ Good Morning Vietnam၊Mrs Doubtfire အစရှိတဲ့ဇာတ် ကားကြီးများဟာ လူကြိုက်အလွန်များခဲ့ပါတယ်။
မရင်းခရိုက်ရဲတပ်ဖွဲ့က သူ့သေဆုံးမှုဟာ အောက်ဆီဂျင် ရုတ်တရက်ငတ်သွားပြီးသေဆုံးတာမျိုးဖြစ်ပြီး မိမိကိုယ်အဆုံးစီရင်ခြင်းဖြစ်ပုံရကြောင်း သတင်း ထုတ်ပြန်ပါတယ်။လိုအပ်တဲ့ ခွဲစိတ်စစ်ဆေးမှုတွေ ဆက်လုပ် မယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
ကျန်ရစ်သူဇနီးသည် ဆူဆန်က သုံးသန်းကျော်သောပရိသတ်ကြီးကို လူတွေကိုရယ်အောင်လုပ်ပေးခဲတဲ့ သူ့အနုပညာအရည်အသွေးကို အမှတ်ရနေကြဖို့တိုက်တွန်းလိုက်ပါတယ်။
သမတအိုးဘားမားက ၀ီလျံဟာ အလွန်ထူးခြားပြောင်မြောက်လှတဲ့သူလို့ချီးကျူးလိုက်ပြီး သူ့ရဲ့အရင်းနှီးဆုံး မိတ်ဆွေဒါရိုက်တာစတီဗင်စပီးဘတ်ကတော့ `ဟာသပါရမီရှင်ရဲ့ မိုးကြိုးမုန်တိုင်း`လို့တင်စားလိုက်ပါတယ်။
သူသေဆုံးမှုအတွက် ထောင်ပေါင်းများစွာသောပရိသတ်တွေ ကြေကွဲမဆုံး ရှိနေကြပါပြီ။
(အော်စကာဆုနှင့်မင်းသားကြီးပုံနှင့် သူ့အတွက်ကြေကွဲနေကြသောပရိသတ်)


Source AFP ( ရန်ကုန်မီဒီယာ ) မှ လေးစားလျက်

               MOGAUNG EXPRESS မှပြန်လည်မျှဝေပေးပါသည်။