Showing posts with label နည်းပညာ. Show all posts
Showing posts with label နည်းပညာ. Show all posts
Tuesday, August 12, 2014
* ဖုန်းရဲ့နောက်ကင်မရာနဲ့ Selfies ဓါတ်ပုံများရိုက်ကူးလို့ရစေမဲ့ Smart Selfies Android App ပါ *
စမတ်ဖုန်းများမှာကိုယ်တိုင်ရိုက်ဓါတ်ပုံ Selfies များရိုက်ကူးလို့ရအောင် အရှေ့ဘက်မှာကင်မရာတပ်ဆင်ပေးထားကြပါတယ်...။ ဒါပေမယ့် စမတ်ဖုန်းများရဲ့ အရှေ့ကင်မရာဟာအနောက်ကင်မရာလောက် Resolution မကောင်းကြတာကိုစာဖတ်သူသတိထားမိမှာပါ။ Selfies များကို Megapixel ပိုမိုများပြားတဲ့ အနောက်ကင်မရာနဲ့ ရိုက်ကူးနိုင်အောင် ကူညီပေးနိုင်တာက Smart Selfies ဆိုတဲ့ Android App ပါ။
Smart Selfies ကိုအင်စတောလုပ်ပြီးရင် အသုံးပြုနည်းကို ပြသပေးပါလိမ့်မယ်။ ပြီးရင် Main Screen ကိုရောက်အောင် Back ခလုတ်ကို နှိပ်ပါ။ Main Screen ကိုရောက်ရင် Selfies မှာပါမယ့် လူအရေအတွက်ကိုရွေးချယ်ပေးရပါမယ်။ လူလေးယောက်အထိရိုက်ကူးနိုင်ပါတယ်။ နောက်အဆင့်မှာ Portrait or Landscape ကိုရွေးချယ်ပေးရမှာပါ။ ပြီးရင်တော့ ဖုန်းရဲ့ အနောက်ကင်မရာကိုသင့်ရဲ့ မျက်နှာ အလယ်တည့်တည့် ဒါမှမဟုတ် လူအုပ်စုရဲ့ အလယ်တည့်တည့်ကိုချိန်ရွယ်ပါ။ ဒါဆိုရင် App က ဓါတ်ပုံထဲမှာလူအားလုံးပါပြီးလှပတဲ့ Selfie ရရှိဖို့ Left, Right, Up, Down, Away , Closer စသဖြင့် အသံနဲ့ ညွှန်ကြားပေးမှာပါ။ ညွှန်ကြားမှုအတိုင်းဖုန်းကိုနေရာရွှေ့ပေးပြီးလို့ အကောင်းဆုံးအနေအထားရောက်ရှိရင် Hold လို့ ပြောပါလိမ့်မယ်။ ဖုန်းကိုတည်ငြိမ်အောင် ကိုင်ထားပါ။ နောက်ဆုံးမှာတော့ Say Cheese လို့ ပြောပြီးဓါတ်ပုံအလိုအလျှောက်ရိုက်ပေးပါလိမ့်မယ်။ သင်က Cheese လို့ အသံထွက်စရာမလိုသလိုဓါတ်ပုံရိုက်ဖို့ ခလုတ်နှိပ်စရာလည်းမလိုပါဘူး။ သတိထားစရာတစ်ခုက App က Lift လို့ အသံထွက်ပေမယ့် သူဆိုလိုတာက Left ကိုပြောတာပါ။
Menu ခလုတ်ကို နှိပ်ရင် Settings ကို ပြသပေးမှာပါ။ # of Faces မှာလူအရေအတွက်ကို ပြင်နိုင်ပါတယ်။ Portrait or Landscape ကိုလည်းပြောင်းလဲသတ်မှတ်နိုင်ပါတယ်။ Zoom Factor က အနီးကပ် Selfie များကိုရိုက်ကူးပေးနိုင်ပါတယ်။
More ခလုတ်ကိုနှိပ်ရင် Volume နဲ့ Focus Mode ဆိုတဲ့ Settings နှစ်ခုကိုတွေ့ပါလိမ့်မယ်။ Volume ကို နှိပ်ရင် သင့်ဖုန်းရဲ့ Default Sound Settings ထဲရောက်သွားပြီးချိန်ညှိနိုင်ပါတယ်။ Focus Mode မှာတော့ သင့်ဖုန်းရဲ့ ကင်မရာကအထောက်အပံ့ပေးတဲ့ Mode များကိုအသုံးပြုနိုင်တာ ဖြစ်တဲ့အတွက် ဖုန်းတစ်လုံးနဲ့ တစ်လုံးမှာ Mode ပါရှိမှု မတူညီကြပါဘူး။ App က အထောက်အပံ့ပေးတဲ့ Focus Mode တွေက Infinity, Auto, Macro, Continuous Video, Continuous Picture တို့ ဖြစ်ပါတယ်။
Smart Selfies ဟာအရှေ့ဘက်ကင်မရာမပါတဲ့ ဖုန်းတွေမှာ Selfie ဓါတ်ပုံများရိုက်ကူးနိုင်အောင် ကူညီပေးနိုင်သလိုကင်မရာနှစ်လုံးပါတဲ့ ဖုန်းတွေမှာလည်းပိုမိုကောင်းတဲ့ အနောက်ဘက် ကင်မရာနဲ့ Selfie များရိုက်ကူးနိုင်အောင် စွမ်းဆောင်ပေးနိုင်တဲ့ Selfie App တစ်ခု ဖြစ်ပါတယ်။ Smart Selifeကို Android 1.6 နဲ့ သူ့အထက်မှာအသုံးပြုနိုင်ပါတယ်။
http://goo.gl/kUl7kn
Source: Myanmar Digital Life Journal မှလေးစားလျက်ပါ။ MOGAUNG EXPRESS မှပြန်လည်မျှဝေပေးပါသည်။
* အရေးကြီးတဲ့ဖုန်းဝင်လာရင် လက်မလွတ်စေဖို့ Essential Calls *
အိပ်စက်အနားယူချိန်၊ အစည်းအဝေးခန်းထဲရောက်နေချိန်တွေမှာ ဖုန်းရဲ့ Ring သံမမြည်အောင် Silent or Vibrate စတဲ့ ဖန်ရှင်တွေကိုစမတ်ဖုန်းတွေမှာထည့်...သွင်းပေးထားကြပါတယ်။ ဒါပေမယ့်လည်းအရေးကြီးတဲ့ ဖုန်းတွေကိုမသိလိုက်ရတဲ့ အခြေအနေတွေ ဖြစ်ပေါ်တတ်ပါတယ်။ ဖုန်းကို Silent or Vibrate လုပ်ထားပေမယ့် ဒီလိုအရေးကြီးတဲ့ ဖုန်းတွေဝင်လာရင် Ring သံမြည်ပြီးသိရှိအောင်ပြုလုပ်ပေးနိုင်တာက Essential Calls ပါ။
Essential Calls ကိုအင်စတောလုပ်ပြီးရင် အရေးကြီး Contact များကိုသတ်မှတ်ပေးရမှာပါ။ အဲဒီ Contact တွေကနေဖုန်းဝင်လာရင် Silent or Vibrate လုပ်ထားရင်တောင် Ring သံနဲ့ အသိပေးမှာပါ။ ဒီလိုလုပ်ဖို့ + Button ကို နှိပ်ပါ။ Phone Book ထဲမှ Contact ကိုရွေးချယ်ချင်ရင် From Phone Book ကို နှိပ်ပါ။ Contact အသစ်တစ်ခုထည့်သွင်းချင်ရင် Custom Contact ကို နှိပ်ပြီးနာမည်နဲ့ ဖုန်းနံပါတ်ထည့်သွင်းပေးပါ။
ညာဘက်အပေါ်ထောင့်မှ ဒေါင်လိုက် အစက်သုံးစက်ကိုတစ်ချက်နှိပ်ပါ။ On activation switch to: မှာ Silent mode or Vibrate mode ကိုရွေးချယ်နိုင်ပါတယ်။ အောက်ခြေမှ Activate ကို နှိပ်ရင် ပြောင်းလဲပေးမယ့် Mode ကိုရွေးခိုင်းတာပါ။ Ringer volume မှာ Auto ကို Default အားဖြင့် ရွေးချယ်ထားပါတယ်။ အမှန်ခြစ်ကို ဖြုတ်ပြီး Volume ကိုသင့်စိတ်တိုင်းကျ သတ်မှတ်နိုင်ပါတယ်။ Activate လုပ်ထားရင် App အိုင်ကွန်ကို Notification Bar မှာ ပြပေးမှာပါ။ မပြပေးစေချင်ရင် On activation show notification မှာအမှန်ခြစ်ဖြုတ်ပေးပါ။ Settings အားလုံးကို နှစ်သက်သလိုသတ်မှတ်ပြီးရင် အောက်ခြေမှ Activate ကို နှိပ်ပါ။
Essential Calls ကိုအသုံးမပြုချင်ရင် Deactivate ကို နှိပ်ပေးနိုင်ပါတယ်။
Essential Calls ဟာအမြဲတမ်းအသုံးပြုရမယ့် App တစ်ခုတော့ မဟုတ်ပါဘူး။ အနားယူတဲ့အချိန်၊ အစည်းအဝေးခန်းထဲရောက်နေချိန်တွေမှာတောင် အရေးကြီးဖုန်းတွေကိုလွတ်မသွားရအောင် ကူညီပေးနိုင်ပါတယ်။ App ကို Free နဲ့ Premium နှစ်မျိုးပြုလုပ်ပေးထားပါတယ်။ Free Version မှာလူနှစ်ယောက်ကိုသာအရေးကြီး Contact အဖြစ်သတ်မှတ်နိုင်ပါတယ်။ Premium Version မှာတော့ လူအကန့်အသတ်မရှိထည့်သွင်းနိုင်ပါတယ်။
Essential Calls ကို Android 2.2 နဲ့ သူ့အထက်မှာအသုံးပြုနိုင်ပါတယ်။
http://goo.gl/GNtPWx
Source: Myanmar Digital Life Journal ပြန်လည်ဖော်ပြပေးလိုက်ပါသည်။ လေးစားလျက်ပါ။
MOGAUNG EXPRESS မှပြန်လည်မျှဝေပေးပါသည်။
* မြန်မာစာ မမြင်ရသူများ အတွက် မြန်မာ ဖောင့် *
မြန်မာဖောင့် ပြဿနာတက်သူတိုင်း ဒီဖောင့်လေးကို သုံးကြည့်စေချင်ပါတယ်
လူအတော်များများ ဖြစ်တာတွေ့ တယ် ရေးလို့ ရပြီး Enter နှိပ်လိုက်တဲ့အခါမှာ
လေးထောင့်ကွက်တွေ ဖြစ်ဖြစ်နေတာ..။ တချို့ ကတော့ ပြောင်းပြန်ဖြစ်တယ်
ရေးရင် လေးထောင့်ကွက် ၊ နှိပ်လိုက်မှစာပေါ်တယ်ဆိုတော့ ဒီဖောင့်လေးကို
သုံးကြည့်စေချင်တယ်။ ကဲ....အဆင်မပြေတဲ့သူတွေ ဆွဲသုံးကြည့်စေဖို့ ........။
ဒီမှာ Download ယူပါ - Zawgyi Blog Day Font
အဆင်ပြေကြပါစေ...
MOGAUNG EXPRESS မှပြန်လည်မျှဝေပေးပါသည်။
လူအတော်များများ ဖြစ်တာတွေ့ တယ် ရေးလို့ ရပြီး Enter နှိပ်လိုက်တဲ့အခါမှာ
လေးထောင့်ကွက်တွေ ဖြစ်ဖြစ်နေတာ..။ တချို့ ကတော့ ပြောင်းပြန်ဖြစ်တယ်
ရေးရင် လေးထောင့်ကွက် ၊ နှိပ်လိုက်မှစာပေါ်တယ်ဆိုတော့ ဒီဖောင့်လေးကို
သုံးကြည့်စေချင်တယ်။ ကဲ....အဆင်မပြေတဲ့သူတွေ ဆွဲသုံးကြည့်စေဖို့ ........။
ဒီမှာ Download ယူပါ - Zawgyi Blog Day Font
အဆင်ပြေကြပါစေ...
MOGAUNG EXPRESS မှပြန်လည်မျှဝေပေးပါသည်။
Subscribe to:
Posts (Atom)


