Monday, January 12, 2015
Thursday, January 8, 2015
မှောင်ခိုထုတ်
ပြည်တွင်းသတင်း
ပြည်တွင်း၌ မောင်းသူမဲ့လေယာဉ် ၇ စီးကို ထုတ်လုပ်နိုင်ခဲ့သော သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသနည်းပညာတက္ကသိုလ်က အဆိုပါ လေယာဉ်ငယ်များကို သဘာဝဘေးအန္တရာယ် ကျလာသော ဒေသများတွင် ကူညီကယ်ဆယ်ရေး ယာဉ်များအဖြစ်လည်းကောင်း၊ သုတေသနပြု လုပ်ငန်းများ အတွက်လည်ကောင်း အသုံးပြုနိုင်ရန်အတွက် ဆက်လက် ထုတ်လုပ်သွားမည်ဖြစ်ကြောင်း အထက်ပါဝန်ကြီးဌာနမှ သိရသည်။
အလိုအလျောက် မောင်းသူမဲ့စနစ်ဖြင့် ထိန်းချုပ်ပျံသန်းနိုင်သည့် အဆိုပါ လေယာဉ်အသေးစားများ ထုတ်လုပ်မှုသည် အောင်မြင်မှုရရှိခဲ့သည့်အတွက် ယခုကဲ့သို့ ပြည်တွင်း ၌ ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေး လုပ်ငန်းများနှင့် အခြားသော ကဏ္ဍများ၏ သုတေသနလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ဆက်လက် ထုတ်လုပ်သွားရန် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း အထက်ပါ နည်းပညာတက္ကသိုလ်မှ စုံစမ်းသိရသည်။
အဆိုပါ မောင်းသူမဲ့လေယာဉ်များကို တည်ဆောက်နိုင်ရန်အတွက် အဓိကလိုအပ်ချက်မှာ ကုန်ကျစရိတ်ဖြစ်ပြီး ပြည်တွင်း၌ ထုတ်လုပ်ထားခြင်းဖြစ်သည့်အတွက် အနည်းဆုံး ကျပ်သိန်း ၁၅၀ ခန့်သာ ကုန်ကျနိုင်ရန် ထုတ်လုပ်ထားကြောင်း သိရသည်။
အဆိုပါ မောင်းသူမဲ့ လေယာဉ်များတွင် ပြည်ပနိုင်ငံများမှ မဖြစ်မနေ နည်းပညာဆိုင်ရာ စက်ပစ္စည်း ဝယ်ယူရမှုများ ရှိနေခြင်းကြောင့် ကျပ်သိန်း ၁၅၀ ခန့် ကုန်ကျ ရခြင်း ဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် သုတေသနလုပ်ငန်းများအပြင် သတ္တုရှာဖွေရေး လုပ်ငန်းများတွင်ပါ အသုံးချမည့် ပြည်တွင်း ထုတ် မောင်းသူမဲ့ လေယာဉ်များ ဆက်လက် ထုတ်လုပ်နိုင်ရန်အတွက် အာကာသနည်းပညာတက္ကသိုလ်မှ ပညာရှင်များကို ဝန်ကြီးဌာနက ထောက်ပံ့မှုများ ဆက်လက်ပေး သွားမည်ဖြစ်ကြောင်း အထက်ပါ ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
၂၀၁၄ ခုနှစ်အတွင်း နိုင်ငံတကာတွင် နည်းပညာမြင့် မောင်းသူမဲ့လေယာဉ် ထုတ်လုပ်ရောင်းချမှုများရှိခဲ့ပြီး ပြည်တွင်း၌လည်း အဆိုပါ ယာဉ်ငယ်များကို စိတ်ဝင်စားသူများက ရုပ်ရှင်ရိုက်ကူးရေးကဲ့သို့သော လုပ်ငန်းများတွင် အသုံးချမှုများ ရှိနေကြောင်း သိရသည်။
အဲအေးရှားလေယာဉ်
ကချင်ပြည်နယ်မှတရားမဝင်သစ်ခိုးထုတ်သောတရုတ်နိုင်ငံသားများ
ကချင်ပြည်နယ်အတွင်း သစ်ခိုးထုတ်မှုဖြင့် မြန်မာ့တပ် မတော်က ဇန်နဝါရီပထမပတ် တွင် ဖမ်းဆီးထိန်းသိမ်းထားသော တရုတ်နိုင်ငံသား တစ်ရာကျော် အရေးကို မှန်မှန်ကန်ကန်နှင့် မျှမျှတတကိုင်တွယ်ဆောင်ရွက် စေလိုကြောင်း တရုတ်နိုင်ငံခြား ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိ သူက ဇန်နဝါရီ ၇ ရက်တွင် ပြော ကြားလိုက်သည်။
ထိန်းသိမ်းခံ တရုတ်နိုင်ငံ သားများအရေးအတွက် ရန်ကုန် မြို့ရှိ တရုတ်သံရုံးက စုံစမ်း စစ်ဆေးမှုများစတင်ပြုလုပ်နေပြီ ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောရေးဆိုခွင့်ရှိသူ ဟုန်လေ ကပြောကြားကြောင်း တရုတ် နိုင်ငံမှလာသည့် သတင်းများ၌ ဖော်ပြထားသည်။
ကချင်ပြည်နယ်ဝိုင်းမော်မြို့ နယ်အတွင်း နိုင်ငံခြားသား ၁၀၀ ကျော်အပါအဝင် သစ်ခိုးထုတ်နေ သူများကို ရာနှင့်ချီသောသစ်တင်ယာဉ်များနှင့်အတူ တပ်မတော် စစ်ကြောင်းက ဇန်နဝါရီ ၂ ရက်မှ ၄ ရက်အတွင်း ဖမ်းဆီးထိန်းသိမ်းထားကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားသည်။
သို့သော်သစ်ခိုးထုတ်မှုတွင် ဖမ်းဆီးရမိသည့် ခိုးဝင်လာသူများကို အမည်ပျက်စာရင်းသွင်းပြီး လဝကဥပဒေအတိုင်း အရေးယူ သွားမည်ဟု လူဝင်မှု ကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီး ဌာနမှသတင်းရရှိသည်။
တရားမဝင် သစ်ခိုးထုတ် စခန်းတွင် ဖမ်းဆီးရမိသူများကို တပ်မတော်ကလူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနနှင့် အခြားဆက်စပ်ဝန်ကြီး ဌာနများသို့ လွှဲပြောင်းပေးမည်ဖြစ် သည်။‘‘၅၂ ဦးလွှဲပြီးပါပြီ။ ဒါပေမဲ့ တရုတ်တွေအပြင် မြန်မာတွေပါ ပါနေတော့ လိုက်ပြီးစိစစ်နေပါ တယ်။ အကုန်လုံးတော့မရောက် လာသေးပါဘူး’’ ဟု ဖမ်းဆီးရာ တွင် လိုက်ပါဆောင်ရွက်နေသူ တစ်ဦးက ဖမ်းဆီးထားသူများကို တပ်မတော်မှ လ၀ကသို့ လွှဲပြောင်းပြီးကြောင်း ပြောသည်။
တရားမဝင် သစ်ခိုးထုတ် စခန်းတွင် မြန်မာနိုင်ငံသား ကျား၊ မ ၂၀ ဦးနှင့် တရုတ်နိုင်ငံသား၁၀၂ ဦးကို ဖမ်းမိခဲ့ခြင်းဖြစ်သည်။
လူများအပြင် တရားမဝင် သစ်ခိုးထုတ်ရာတွင် အသုံးပြု သည့် ဘူဒိုဇာတစ်စီး၊ ပါဂျဲရိုးလေးစီး၊ ပီကင်းဂျစ်လေးစီး၊ ဝန်ဆွဲယာဉ်သုံးစီး၊ နှစ်ခန်းတွဲယာဉ်နှစ်စီး၊ သစ်တင်ယာဉ် ၄၃၆ စီး၊ ဒေါင်ဖန်းယာဉ်သုံးစီး၊ ကရိန်းနှစ်စီး စုစုပေါင်း ယာဉ် ၄၅၅ စီး၊ ဆိုင် ကယ်ကိုးစီးဖမ်းဆီးရမိခဲ့ခြင်းဖြစ် သည်။ ‘‘တစ်ချိန်တည်းမှာပဲ ဖမ်း ဆီးခံတရုတ်နိုင်ငံသားတွေရဲ့ တရားဥပဒေအရ အခွင့်အရေးနဲ့ အကျိုးစီးပွားကို အကာအကွယ် ပေးဖို့ကိစ္စကို သေချာစေချင်ပါ တယ်’’ဟု ထိန်းသိမ်းခံရသည့် တရုတ်နိုင်ငံသားများအရေးနှင့် ပတ်သက်ပြီး ဇန်နဝါရီ ၇ ရက်က ပြုလုပ်သည့်သတင်းစာရှင်းလင်း ပွဲတွင်သတင်းထောက်များ၏ မေးမြန်းမှုကိုတရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ဟုန်လေကပြန်လည်ဖြေကြားခဲ့ ကြောင်း တရုတ်နိုင်ငံအခြေစိုက် သတင်းဌာနများက ရေးသားကြ သည်။