Wednesday, August 13, 2014

* သူ့နာမည်က ဘောက်ဒင် (Lamung Bawk Din)၊ *

                                                        
  ပြည်တွင်းစစ်ကြောင့် မငြိမ်းချမ်းတဲ့ ကချင်မြောက်ပိုင်းက ကချင်မလေး ။ ၁၉ နှစ်မှာ နယ်စပ်ဖြတ်ပြီး တရုတ်ပြည်မှာ အလုပ်လုပ်ဖို့ ရောက်လာတယ်။
ပြည်တွင်းစစ်ကြောင့် ကျေမွနေတဲ့ မွေးရပ်မြေမှာ ကျန်ခဲ့တဲ့ နာမကျန်းေ...နတဲ့ အမေရယ်၊ အရွယ်မရောက်သေးတဲ့ မောင်နှမတွေ အတွက် တရုတ်နယ်စပ်ကို တရားမဝင်ဖြတ်ပြီး ဂျင်ဟောင်း (Jinghong) ဆိုတဲ့ နယ်စပ်မြို့က ကြံခင်းတွေမှာ အလုပ်လာလုပ်တယ်။ ၃ လလောက် လုပ်ပြီးတော့ အသိတစ်ယောက်က တရုတ်ပြည်ထဲမှာ ဒီထက်ပိုကောင်းတဲ့ အလုပ်ရမယ် ဆိုပြီး ဆွယ်လို့ ဘောက်ဒင်နဲ့ တခြားကောင်မလေး ၅ ယောက် လိုက်သွားတယ်။ ပီကင်းကိုရောက်တော့ သူတို့ အားလုံးကို ခွဲပြီး တစ်ယောက်တစ်နေရာဆီ ပို့လိုက်တယ်။

ဘောက်ဒင်ကို ယောက်ကျားတစ်ယောက်က ခေါ်သွားပြီး အိမ်ရောက်မှ သူ့ညီနဲ့ လက်ထပ်ရမယ်ဆိုတာ သိရတယ်။ ဘောက်ဒင်က လက်မထပ်နိုင်ဘူး၊ အိမ်ပြန်မယ်လုပ်တယ်။ ဒါပေမဲ့ ဒီမိသားစုက သူတို့ ပိုက်စံပေးထားပြီးသားဖြစ်လို့ သူ့ကို ပေးမပြန်နိုင်ဘူး ပြောပြီး အိမ်ထဲမှာပဲ သော့ခတ်ထားတယ်။ ဘောက်ဒင်အတွက် သူတို့က ဒေါ်လာ ၆၅၀၀ လောက်ပေးရတယ်လို့ သိရပြီး၊ ဘောက်ဒင်က သူတို့အတွတ် ကလေးမွေးပေးရမယ်လို့ သိရတယ်။ ရောက်ပြီး ၅ ရက်မြောက်နေ့မှာတော့ အတင်းအကျပ် စီစဉ်တဲ့ မင်္ဂလာပွဲတက်ရတယ်။ သူ့အမေဆီကို ဖုန်းနဲ့ ဆက်သွယ်ခွင့်တော့ပေးတယ်။ (ဒီတရုတ်မိသားစု ကြည့်ရတာ မြန်မာကားတွေထဲက ပိုက်စံရှိ လူတန်းစားနဲ့ တူတယ်။ မိန်းမ တစ်ယောက်ကို ပိုက်စံနဲ့ ပေးဝယ်၊ ပြီးရင် ကလေးတွေ ဘာတွေရရင် အားလုံး အစဉ်ပြေသွားမယ်။ တစ်ယောက်နဲ့ တစ်ယောက် နောက်ဆုံးတော့ ချစ်သွားကြမယ်လို့ ထင်နေပုံရတယ်။) သူ့အမေက သူ့သမီးကို သူတတ်နိုင်သလောက် ရှာပါတယ်။ ဒါပေမဲ့ ဒီတရုတ်ပြည် အကြီးကြီးထဲမှာ သူ့သမီးဘယ်မှာနေမှန်းမသိ၊ ဘယ်လို လိုက်ရှာရမှန်း မသိ၊ ဘယ်သူ့ကို တိုင်ရမှန်းမသိ၊ ပိုက်စံကလည်း မရှိနဲ့ ဘာမှမမလုပ်ပေးနိုင် ခဲ့ဘူး။

တစ်နှစ်လောက် အကြာမှာတော့ ဘောက်ဒင် ခိုးပြီးစုထားတဲ့ ပိုက်စံက မြန်မာနယ်စပ်ကို သွားဖို့ ခရီးစရိတ် ရပါတယ်။ ဒါနဲ့ သူ့ကိုထားတဲ့ အခန်းပြူတင်းပေါက်ကို ခွါပြီး ဘူတာကို ထွက်ပြေးတယ်။ ဘူတာမှာ မှတ်ပုံတင်မပါလို့ ရဲက ဖမ်းတယ်။ သူ့ဇာတ်လမ်းအမှန်ကို ပြောပြရင် ရဲက သူ့ကို ဖမ်းပြီး အိမ်ပြန်ပို့မှာစိုးလို့ တရုတ်ပြည်မှာ အလုပ်လာရှာတာလို့ ပြောလိုက်တယ်။ အဲဒီတော့ ရဲက စာရေးပေးပြီး မြန်မာပြည်နယ်စပ်အထိ သူ့ကို ပြန်ခိုင်းလိုက်တယ်။ ဒီလိုနဲ့ ဘောက်ဒင်ဟာ ခရစ်စမတ်ပြီး နောက်တစ်ရက် (Boxing day) မှာ သူ့အိမ်ကို ပြန်ရောက်ပါတယ်။ အိမ်နီးနားချင်းတွေကတော့ သူ့ကို ခရစ်စမတ်မှာ မိသားစုဆီ အလည်ပြန်လာတယ်လို့ ထင်နေကြတယ်။ မကြာပါဘူး သူလူကုန် ကူးခံရတယ်ဆိုတဲ့ သတင်းကို ပါတ်ဝန်းကျင်ကသိသွားတယ်။ လူကုန်ကူးခံရပြီး ပြန်လွတ်လာတဲ့ လူတွေကို အသိုင်းအဝိုင်းက နှိမ်ချင်ကြတယ်။ ဘောက်ဒင်က ဒါတွေကို ဂရုမစိုက်ဘူး။ သူ့ အကြောင်းကို ပွင့်ပွင့်လင်းလင်းပဲ ပြောပြတယ်။

မကြာခင်မှာပဲ ဘောက်ဒင်ဟာ သူ့နောက်ကြောင်းတွေကိုသိပေမဲ့ သူကို လက်ခံပြီး ချစ်မဲ့ - သူ့ချစ်သူ ကချင်ကောင်လေးနဲ့ တွေ့တယ်။ ကောင်လေးရဲ့ အမေက ဘောက်ဒင်ကို လက်မခံဘူး။ အခုတော့ ဘောက်ဒင်တို့ လင်မယားဟာ ရှမ်းပြည်မှာရှိတဲ့ စစ်ပြေးဒုက္ခသည် စခန်းမှာနေတယ်။ တောထဲက ဟင်းသီးဟင်းရွက်တွေ ခူးပြီး ပြန်ရောင်းစားတယ်။ ဘောက်ဒင်တို့ လင်မယားဟာ အခုတော့ ဆင်းဆင်းရဲရဲနဲ့ ရုန်းကန်နေရတယ်။ ဒါပေမဲ့ ချစ်တဲ့လူနဲ့ အတူနေရတဲ့ ဘောက်ဒင်ဟာ သူ့ဘဝကို အိုကေတယ်လို့ပြောပြတယ်။ မချစ်မနှစ်သက်တဲ့ လူနဲ့ နေရတဲ့ ဘဝက ထွက်ပြေးလာပြီး ချစ်တဲ့သူနဲ့ အတူနေရတဲ့ ဘဝမှာ ဘောက်ဒင် တစ်ယောက် ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

မျိုးဇေယျာဦး ထံမှ ကူးယူဖော်ပြပေးပါသည်။

A forced bride: (aljazeera ) မှ ကချင်မလေး Lamung Bawk Din အကြောင်းကို နားလည်သလို ပြန်ရေးပါသည်။ ဓာတ်ပုံကို လည်း aljazeera ကူးပါသည်။ ဓာတ်ပုံကို Article ရဲ့ မျက်နှာဖုံးပုံအဖြစ်သုံးထားသောလည်း Bawk Din ဟု အမည်မတပ်ထားပါ။

http://www.aljazeera.com/indepth/features/2014/08/forced-bride-survive-each-day-201487114436396156.html

No comments:

Post a Comment