Monday, August 11, 2014

* တိမ်မြုပ်နေသော သျှမ်းမျိုးနွယ်ဝင်းများ ၂။ *

အထက်မြန်မာနိုင်ငံ(ဧရာဝတီ) နမ့်ကျိုနှင့် သလ္လာဝတီ (နမ့်တာလုံခေါ် ချင်းတွင်း) မြစ်ရိုး မြေပြန့်ဒေသနှင့် ပူတာအိုခန္တီးလုံ ကုန်းပြင်မြင့် ဒေသတို့တွင် နှစ်ရာစုများစွာကပင် မြို့ပြည်ရွာများ တည်ထောင်ကာ နေထိုင်ခဲ့ကြသော၊ နေထိုင်ဆဲဖြစ်သော သျှမ်းမျိုးနွယ် ၀င်များမှာ တိုင်းလျဲန်(သျှမ်းနီ) တိုင်းလုံ (သျှမ်းကြီး) တိုင်းနေ (အထက်သျှမ်း) တိုင်းခန္တီး၊ တိုင်းမွန်၊ တိုင်းဂတူး၊ တိုင်းကနန်း၊ တိုင်းဆာခေါ် မိုင်းသာသျှမ်း စသည်တို့ ဖြစ်ပါသည်။ လူဦးရေအားဖြင့် ကချင်ပြည်နယ်ဟု သတ်မှတ်ထားသော သျှမ်းနယ်မြေစု အတွင်း ငါးသိန်းခွဲ(၇-သိန်းခွဲ)ခန့်ရှိပြီး ကချင်လူမျိုး ထက်များပါသည်။ စစ်ကိုင်းတိုင်းအတွင်း သတ်မှတ်သည့် ချင်းတွင်းမြစ်ရိုးနှင့် ကသာခရိုင်တွင် ခန့်မှန်းလူဦးရေ ဆယ်သိန်း(၁၀-သိန်း) ကျော် ရှိပါသည်။ လူဦးရေ အများဆုံးမှာ တိုင်းလျဲန်ခေါ် သျှမ်းနီလူမျိုး များဖြစ်ပါသည်။

တိုင်းလျဲန် လူမျိုးများသည်  အထက်မြန်မာနိုင်ငံ ဧရာဝတီမြစ်ရိုး တလျှောက် ကသာ၊ ၀န်းသို၊ အင်းတော်၊ ဗန်မောက်၊ပင်လယ်ဘူး နယ်မှစ၍ စင်းခန်း၊ စာဝတီ၊ ကောင်းတို၊ ဗန်းမော်၊ ကျွန်းကြီး မိုင်းကာ၊ မြစေတီ၊ ဆင်ဘို၊ တာလောကြီး၊ ခတ်ချို၊ ၀ိုင်းမော်၊ မိုင်းနားမြို့နယ် ကျေးရွာနယ်မြေစု ဒေသတွင် နေထိုင် လျှက်ရှိပါသည်။ ၎င်းအပြင် မြစ်ကြီးနား နမ္မတီး၊ မိုးကောင်း၊ မိုးညှင်း၊ ဟိုပင်၊ အင်းတော်ကြီး နယ်တို့တွင် လည်းကောင်း ချင်းတွင်မြစ်ရိုး တလျှောက် ကလေး၊ သောင်သွပ်၊ ဟုမ္မလင်း၊ ဆင်ကလိန်ခန္တီးနယ်တွင် လည်းကောင်း ရွှေလီမြစ်ရိုး မိုးမိတ်၊ မဘိန်းမြို့နယ်တွင် လည်းကောင်း၊ မန်သာ၊ မန်လ၊ ငအူ၊ ငံခမ်း ကားလမ်းတလျှောက်တွင် လည်းကောင်း သျှမ်းမြို့ သျှမ်းရွာအမည်များဖြင့် မြို့ရွာတည်ဆောက်၍ အခြေချ နေထိုင်သူများ ဖြစ်ကြပါသည်။


တိုင်လျဲန်ခေါ် သျှမ်းလူမျိုးများသည် မြန်မာနိုင်ငံ၏ သမိုင်းအပြောင်း အလဲအရ မြန်မာစကား၊ မြန်မာစာပေ၊ မြန်မာယဉ်ကျေးမှု တို့ကို တဖြည်းဖြည်း ၀ါးမျိုးခြင်းခံရကာ လက်ခံကျင့်သုံးရင်း မိမိကိုယ်ပိုင် သျှမ်းစကား၊ သျှမ်းစာပေ၊ သျှမ်းယဉ်ကျေးမှုများ တဖြည်းဖြည်း တိမ်မြုပ် ပျောက်ကွယ်နေသည့် အခြေနေသို့ ဆိုက်ရောက်နေပါသည်။

ဤသို့ဖြင့် သမိုင်းဝင် သျှမ်းအမျိုးနွယ်စုကြီး  ၏ရိုးရာ အစဉ်အလါ သမိုင်းမွေအနှစ် များကို ထိမ်းသိမ်း စောင့်သင့်လှပါသည်။ မြန်မာဆန်သော သျှမ်းများဖြစ်၍ ယေဘူယျအားဖြင့်သျှမ်းဗမာများဟု လွယ်လွယ်ကူကူ ပြောဆိုလက်ခံလာကြရင်း မိမိလူမျိုးအမည်ရင်း တိမ်မြုပ်ကွယ်ပျောက် နေသော သျှမ်းမျိုးနွယ်ဝင် လည်းဖြစ်ပါသည်။ သျှမ်းကြာဗမာဖြစ်သည် ဆိုသော ဆိုရိုးစကား သာလျှင်ရှိသည် ဗမာကြာ၍ သျှမ်းမဖြစ် လါပါ မိမိအမျိုးသာလျှမ် တိမ်ကော ပျောက်ကွယ် ဖို့သာရှိသည် ဆိုသည့်အချက်ကို တိုင်းလျဲန်ခေါ် သျှမ်းနီလူမျိုးများ အမြဲမတွေ မှတ်သားထား ရမည်ဖြစ်သည်။

တိုင်းခန္တီးခေါ် ခန္တီးသျှမ်းများသည် မြန်မာနိုင်ငံမြောက်ဖျား  ခန္တီးလုံဒေသ ပူတာအိုနယ်တွင် လည်းကောင်း ဆက်ကလိန်း ခန္တီးနယ်တို့တွင် အများဆုံး နေထိုင်ကြသည်။ ယခုအခါ စည်းပွားရေး၊ လူမှုရေးအခြေအနေ အရပ်ရပ်ကြောင့် မြစ်ကြီးနား၊ မိုးကောင်း၊ နမ္မတီး၊ ဟိုပင်များတွင်လည်း လူနည်းစု လူမျိုးတမျိုးအဖြစ် စုစည်းနေထိုင် လျှက်ရှိသည်။ ပုဂံခေတ် ကျောက်စာတွင် ခန္တီးသျှမ်းများ၏ အမည်ကို အကြိမ် နှစ်ဆယ်ထက် မနည်း တွေ့ရကြောင်း  ဒေါက်တာ သန်းထွန်းရေး ရှေးဟောင်းမြန်မာ ရာဇ၀င်တွင် ဖေါ်ပြထားပါသည်။

တိုင်းလုံ (သျှမ်းကြီး) သျှမ်းလူမျိုးများသည် ကချင်ပြည်နယ် သတ်မှတ်ထားသည့် မြေပြန့်ဒေသ မြို့နယ် တိုင်းတွင် သျှမ်းကြီးရွာများသည် အနည်းနှင့်အများ တွေ့ရပြီး အထက်မြန်မာနိုင်ငံ သျှမ်းမျိုးနွယ်စုတွင် ဒုတိယ အများဆုံးဖြစ်ပါသည်။ ဗန်းမော်၊ မိုးညှင်း၊ မိုးကောင်း၊ မြစ်ကြီးနားတွင် နေထိုင်လျှက်ရှိပါသည်။ မှုလက သျှမ်းပြည်ဟုခေါ်တွက်သော ဒေသတွင်နေထိုင်ကြပြီး နှစ်ရာစုအနည်းငယ်လောက်တွင် တစတစ ပြောင်းရွေ့လာသူများ ဖြစ်ပါသည်။ ကိုယ်ပိုင်စကား၊ စာပေ၊ ယဉ်ကျေးမှုများကို ထိမ်းသိမ်းမှုရှိ၍ လူမျိုးမပပျောက်ခဲ့ပါ။

တိုင်းနေ သျှမ်းများသည် ဗန်မော်ခရိုင်၊ မိုးမောက်မြို့နယ်တွင်၎င်း မြစ်ကြီးနားခရိုင် ၀ိုင်းမော်မြို့နယ် တွင်၎င်း မိုးညှင်း၊ ဟိုပင်၊ တွင်၎င်း အများဆုံးနေထိုင်ကြပြီး၊ ဒေသအသီးသီးတွင်လည်း လူနည်းစုအဖြစ် နေထိုင်လျှက်ရှိသည်၊ ကချင်တို့၏ ကချင်ရိုးရာငွေဒါးနှင့် ငွေထည်ပစ္စည်းများ ထုတ်လုပ်သူများဖြစ်သည်။

တိုင်းကတူး၊ တိုင်းကနန်း၊ လူမျိုးစုများသည် စစ်ကိုင်းတိုင်း ကသာခရိုင် အင်းတော်၊ ဗန်းမောက်၊ ပင်လည်ဘူး၊ နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

တိုင်းမွန်ခေါ် မွန်သျှမ်းမှာ မြစ်ကြီးနားခရိုင်အတွင်း ဧရာဝတီမြစ်ရိုး ဆင်ဘိုနယ်မြေဒေသတွင် နေထိုင်သော လူနည်းစု သျှမ်းမျိုးနွယ်ဝင် များဖြစ်ပါသည်။ ကိုယ်ပိုင် ဘာသာစကားနှင့် ရိုးရာယဉ်ကျေးမှု ထိန်းသိမ်းမှု နည်းပါး၍ မကြာမီ တိမ်မြုတ် ပျောက်ကွယ် သွားနိုင်သည့် လူမျိုးတမျိုးဖြစ်သည်။

တိုင်းဆာ ခေါ် မိုင်သားသျှမ်းမှာ မိုးမောက်မြို့နယ်၊ ၀ိုင်းမော်မြို့နယ်၊ မိုးကုတ်မြို့နယ်တွင် နေထိုင်ကြပြီး၊ လူနည်းစုသျှမ်း မျိုးနွယ်တမျိုးအဖြစ် နေထိုင်ကြသည်။ ပန်ပဲနှင့် သံရည်ကျို အတတ်တွင် ပြိုင်ဖက်ရှားသော လူမျိုးတမျိုးဖြစ်ပါသည်။ ပန်းပဲနှင့်သံရည်ကျို အတတ်တွင် ကျွမ်းကျင်ပြီး ဂျိမ်းဖောလူမျိုးတို့ ရိုးရားအဆောင် အယောင်ဖြစ်သော ငွေဓါးလွယ်ကို တာဝန်ခံ ထုတ်လုပ်ပေးသော လူမျိုးဖြစ်ပါသည်။

ကိုလိုနီခေတ်သျှမ်းပြည်အားပိုင်းခြားအုပ်ချုပ်ပုံ

အင်္ဂလိပ်တို့သည် မန္တလေး နေပြည်တော်ကို သိမ်းပိုက်ပြီးနောက် အထက်မြန်မာနိုင်ငံ သျှမ်းမျိုးနွယ်ဝင် ဗန်မော်၊ မိုးညှင်း၊ မိုးကောင်း၊ ကသာ၊ ဒေသတို့အား ဆက်လက်သိမ်းပိုက်ခဲ့သည်။ ၎င်းတို့ တိုက်ခိုက် သိမ်းပိုက်ထားသည့် ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ရိုးဒေသ သျှမ်းတို့၏ဒေသကို ၁၉၃၅ ခုနှစ် မြန်မာနိုင်ငံ အုပ်ချုပ်ပုံ ဥပဒေဇယား(၂) အပိုင်းဒေသ အဖြစ်သတ်မှတ်ကာ ခွဲခြားအုပ်ချုပ်ခဲ့သည်။

၎င်းသျှမ်းတို့၏ ဒေသကို အောက်မြန်မာနိုင်ငံ ပြည်မတွင် ကျင့်သုံးခဲ့သော ဥပဒေနည်းတူ အုပ်ချုပ်ခဲ့ပြီး ကချင်တောင်တန်း ဒေသကိုမှု ကချင်တောင်တန်းသားများ ဥပဒေသီးခြားပြဌာန်းကာ ခွဲခြားအုပ်ချုပ်ခဲ့ပါသည်။ မြန်မာနိုင်ငံအရှေ့ဖက် သျှမ်းကုန်းပြင်မြင့် သျှမ်းတောင်းတန်းဒေသရှိ သျှမ်းပြည်များကိုမှု ၁၈၈၆ ခုနှစ်မေလ(၃) ရက်နေ့တွင် ဗြိတိသျှတို့က အိန္ဒိယပြည်နယ်အဖြစ် သိမ်းပိုက်ပြီး ဗြိတိသျှအစိုးရက ကြေညာခဲ့သည်။

၁၈၈၇ ခုနှစ်တွင် သျှမ်းကုန်းပြင်မြင့်ရှိ သျှမ်းနယ်များကို သျှမ်းပြည်မြောက်ပိုင်းနှင့် သျှမ်းပြည်မြေလပ်ပိုင်း သျှမ်းပြည်တောင်ပိုင်းဟူ၍ အပိုင်းသုံးပိုင်းခွဲကာ မြောက်ပိုင်းဒေသကို သျှမ်းပြည်ဥတ္တရတိုင်း ၀န်ရှင်တော်မင်းကြီးက၎င်း တောင်ပိုင်းနှင့် မြေလပ်ပိုင်းဒေသကို ဒုတ္ခိဏတိုင်း ချုပ်ဝန်နှင့် နိုင်ငံရေးရာရှိက ၎င်းအုပ်ချုပ်ခဲ့သည်။

၁၉၂၂ ခုနှစ် အောက်တိုဘာလ (၁)ရက်နေ့တွင် သျှမ်းကုန်းပြင်မြင့်သျှမ်းတောင်တန်းဒေသရှိ ပဒေသရာဇ် သျှမ်းပြည်နယ်စု ဟုခေါ်တွင်စေရန် ဗြိတိသျှဘုရင်ခံချုပ်က ထုတ်ပြန်ကြေညာခဲ့သည်။ ယင်းနယ်မြေများအား တောင်ပိုင်း၊ မြောက်ပိုင်းနှင့် မြေလပ်ပိုင်း ပဒေသရာဇ် သျှမ်းနယ်များဟူ၍ ပိုင်းခြားသတ် မှတ်ကာ သျှမ်းစော်ဘွား၊ မြို့စား၊ နယ်စားများ အသီးသီး အုပ်ချုပ် စေခဲ့ကြောင်းတွေ့ရှိရပါသည်။

ယင်းကဲ့သို့ သမိုင်း၏ အပြောင်းအလဲကို ခံခဲ့ရသော အထက်မြန်မာနိုင်ငံ ဧရာဝတီမြစ်ရိုးနှင့် ချင်းတွင်းမြစ်ရိုး သျှမ်းနွယ်ဝင်များ၏ ရှေးဟောင်း သျှမ်းပြည်ကြီးမှာ သျှမ်းပြည် အမည် ပျောက်ခဲ့ရသည်။ မြန်မာနိုင်ငံ အရှေ့ဖက်ခြမ်းရှိ သျှမ်းတောင်တန်းဒေသ သျှမ်းပြည်ကမှု ကိုလိုနီခေတ်ထိ ပဒေရာဇ်ပြည်အဖြစ် ဆက်လက် တည်ရှိခဲ့ပါသည်။

ယနေ့ သျှမ်းပြည်တောင်ပိုင်၊ မြောက်ပိုင်း ဆိုသည်မှာလည်း ဗြိတိသျှခေတ်က ပိုင်းခြားသတ်မှတ်သော အုပ်ချုပ်ရေး သတ်မှတ်ချက်များသာဖြစ်သည်။

        MOGAUNG EXPRESS မှ ပြန်လည်မျှဝေပေးပါသည်။

No comments:

Post a Comment