Wednesday, August 13, 2014

* တိမ်မြုပ်နေသော လူမျိုးစုများ *

                                                     
 

၁၉၆၄ ခုနှစ် ( ၁၇ ) ကြိမ်မြောက်ကျင်းပခဲ့သော မန္တလေး ပြည်ထောင်စုနေ့ အခမ်းအအနားတွင် ဗိုလ်ချုပ်ကြီးနေ၀င်းသည် လူမျိုးစုဓလေ့ထုံးစံဖေါ်ထုတ်ရေးနှင့် ပတ်သက်၍ (၁) လူလူချင်း ခေါင်းပုံမဖြတ်ရေး (၂) လူမျိုးစုအချင်းချင်း ခေါင်းပုံမဖြတ်ရ (၃) မွေးရာပါအခွင့်ရေး မဆုံးရှုံးရေး၊ စသည့်အချက်သုံးချက်ကို အလေးအနက်ဦးတည်ပြုလျှက် မိန့်မြ...ွတ်ခဲ့ပါသည်။

ပြည်ထောင်စု မြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေမှုကြမ်း ရေးဆွဲရေးအခြေံမှုတွင်လည်း (၁) ရည်မှန်းချက်မှာ ဆိုရှယ်လစ်စနစ် (၂) အနှစ်သာရ အားဖြင့် မြန်မာ့ဆိုရှယ်လစ် စီပွားရေး (၃) ဖွဲ့စည်းမှုသည် ဆိုရှယ်လစ် ဒီမိုကရေစီ (၄) ခေါင်းဆောင်မှုမှာ လုပ်သားပြည်သူတို့၏ အာဏာ (၅) အင်အားစုစည်းမှုကာ တိုင်းရင်းသားလူမျိုးများ၏ လူမျိုးရေး တန်းတူမှုဖြင် ဥမကွဲသိုက်မပျက် မရှိအတူရှိအတူ စည်းရုံးညီညွတ်မှု စသော မှုငါးချက်ချမှတ် ထားပါသည်။ ယင်းကြောင့် ဗိုလ်ချုပ်ကြီး နေ၀င်း၏ ၁၉၆၄ ခုနှစ် (၁၇)ကြိမ်မြောက် ပြည်ထောင်စုနေ့ မိန့်ခွန်း၊ လူမျိုးစုဓလေ့ ထုံးစံဖေါ်ထုတ်ရေးအပိုင်း၊ အချက် (၂ ) (၃) နှင့်ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေအသစ်မှုကြမ်း ရေးဆွဲရေး အေခြံမှု ပဉ္စမ အချက် အင်အားစုစည်းမှုအခဏ်း၊ တိုင်းရင်းသားလူမျိုးများ၏ လူမျိုးရေးတန်းတူမှုဖြင့် ဥမကွဲသိုက်မပျက် မရှိအတူရှိအတူ စည်းရုံးညီညွတ်မှုအရ ယနေ့တိမ်မြုပ်နေသော လူမျိုးစုတရပ်အား တင်ပြအပ်ပါသည်။

ယင်းတိမ်မြုပ်နေခဲ့သော လူမျိုးစုတရပ်မှာ ၁၉၅၆ ခုနှစ် သန်းခေါင်းစားရင်းအရ အကျယ်အ၀န်း စတုရန်းမိုင် (၃၃၉၀၃) လူဦးရေ (၅၇၇၈၃၀)ရှိ၊ ကချင်ပြည်နယ်ဟု သတ်မှတ်ထားရာ ဒေသနှင့်အကျယ်အ၀န်း စတုရမ်းမိုင် (၁၃၉၀၂) ၁၉၆၇ ခုနှစ် သန်းခေါင်းစာရင်းလူဦးရေ (၃၃၉၀၀) ရှိသည့် ချင်းဝိဒေသတိုင်းအတွင်း ချင်းတွင်းမြစ်ဖျား ၀ဲယာ၌ ရှေးဘဝေသဏီးထဲမှ အခြေစိုက် နေထိုင်လျက်ရှိကြသော မြေပြန့်သျှမ်းလူမျိုးစုများပင်ဖြစ်သည်။


စသည့်ဖြင့် သျှမ်းနီလူမျိုးစုများ ဆင်းသက်လာပုံကို သမိုင်းကြောင်းနှင့်တကွ အချက်လက်စုံလင်စွာ နိုင်ငံတော် အကြီးအကဲ များထံသို့ရာ..

ယနေ့ ကချင်ပြည်နယ်ဟု သတ်မှတ်ရာ ဒေသအတွင်း ကျယ်ပြန့်စွာ နေထိုင်လျက်ရှိသော ယင်းသျှမ်း လူမျိုးစုသည်၊ ဗိုလ်ချုပ်အောင်ဆန်း မိန့်ကြားခဲ့သော တိုင်းရင်းသား သွေးစည်း ညီညွတ်ရေး လမ်းစဉ်အတိုင်း တသွေမတိမ်း လိုက်နာခဲ့ကြပါသည်။ ယနေ့ထိ မည်သည့် မြေပြန်မြစ်ရိုး သျှမ်း တဦးတယောက်မျှ ပြည်ထာင်စု ကို သစ္စာဖေါက်၍ သောင်းကျန်းမှူ အဖျက်လမ်းစဉ်နောက်သို့ လိုက်ပါခြင်း မရှိကြသည်မှာ သမိုင်းသက်သေခံ အထင်အရှားပင်ဖြစ်သည်။

ယင်းကြောင့် မြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေံခံဥပဒေရေးဆွဲရာ၌ တပြည်ထောင်စနှစ် ( UNITARY) မှုဆိုက ပြဿနာပေါ်ရန်မရှိပါ၊ သို့မဟုတ် ပြည်နယ်များပြန်လည်ထားရှိမည့် ပြည်ထောင်စု စနစ် (FEDRAL) မှု ဖြစ်လျင် အထူးသဖြင့် ကချင်ပြည်နယ် အတွင်း နေထိုင်ကြသော သျှမ်းအမျိုးသား လူမျိုးစုများနှင့် ပတ်သက်၍ တော်လှန်ရေး ကောင်စီအစိုးရ၏ (၁၉၆၄) ခုနှစ် ပြည်ထောင်စုနေ့တွင် တိုင်းရင်းသား လူမျိုးစုများနှင့် စပ်ဆိုင်သော မှုဝါဒ အတိုင်း ပြည်ထောင်စု ခိုင်မာ တည်မြဲရေး၊ အဓွန့်ရှည်ကြသာယာ တိုးတက်ဖွံ့ဖြိုးရေး အတွက် တာဝန်ရှိသူတိုင်း အလေးအနက် သတိပြုနိုင်ရန် တိမ်မြုပ်နေသည့် လူမျိုးစုများ၏ သမိုင်း စဉ်တရပ်ကို တင်ပြရခြင်းဖြစ်ပါသည်။ ရွှေသွေး ၁၉၆၄

ပြည်ထောင်စုဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတော်၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ ( ဒုတိယ မှုကြမ်း ) ရေးဆွဲသောအခါ၊ မြန်မာတိုင်းရင်းသား စစ်စစ်ဖြစ်လျက် - နယ်မြေမဲ့ဖြစ်နေသော တိုင်းလိုင် (သို့) တိုင်းနိုင်း ခေါ် သျှမ်းနီလူမျိုးများသည် သမိုင်းစဉ်ဆက်ကစ၍ နေထိုင်ခဲ့သော ဗန်းမော်ခရိုင်၊ ကသာခရိုင်၊ မြစ်ကြီးနားခရိုင်၊ ခန္တီးခရိုင်နှင့် မော်လိုက်ခရိုင်အတွင်း ရှိ သျှမ်းနီလူမျိုးစုများ၏ နေထိုင်ရာ နယ်မြေဒေသ များကို နယ်နမိတ်ပြန်လည် သတ်မှတ်ပြီး၊ မြေလပ်သျှမ်းနီပြည်နယ်ဟု အသိအမှတ်ပြုပါရန် အလေးအနက် တင်ပြတောင်းခံပါသည်၊ ဤကဲ့သို့ပြည်နယ်တနယ် သတ်မှတ်ပေးမှသာလျင်၊ အတိတ်မှ နှစ်နာချက်များကို၊ ပျောက်ကင်းအောင် ကုစားနိုင်မည်ဖြစ်ကြောင်း ယုံကြည့်မှုအပြည့်အ၀ဖြင့် ထပ်လောင်းတင်ပြအပ်ပါသည်။

တိုင်းလိုင်(၀ါ)တိုင်းနှိင်း (၀ါ) သျှမ်းနီလူမျိုးများ မောင်းခမ်းတိုက်နယ် ဟုမ္မလင်းမြို့နယ် ခန္တီးခရိုင် ၁၅ - ၆ - ၁၉၇၂ ခုနှစ်

အထက်ပါနည်းတူ သျှမ်းနီ အမျိုးသားရေးအတွက် သက်ဆိုင်ရာနိုင်ငံတော် အကြီးအကဲများထံသို့ ခေတ်အဆက်ဆက် စွမ်းစွမ်းတမံ တင်ပြ လုပ်ဆောင်ခဲ့သူများမှာ..

ဦးကျော်ဟိန်း ရ လ က အိုးတန်းရပ် မိုးကောင်းမြို့ ၄ - ၆ - ၁၉၇၂ ခုနှစ်။

ဦးကုဋေမြတ်ကျော်MGG - ၀၂၂၈၁၅ အရှေ့ရပ်မိုးကောင်းမြို့။

စိုင်းထိန်လင်း နမ့်ခမ်းလမ်းခွဲ ဗန်းမော်မြို့။ ၁၉၉၂ ခုနှစ်

စသည့်ပုဂ္ဂိုလ်ကြီးများသည် နိုင်ငံတော်အစိုးရထံသို့ သျှမ်းနီလူမျိုးတို့၏ ရပိုင်ခွင့်များကို ဆောင်းဆို လုပ်ရှားပေးခဲ့သူများ ဖြစ်သောကြောင့် သျှမ်းနီအမျိုးသား အတုယူလေးစား စံထားအပ်သော မျိုးချစ်ပုဂ္ဂိုလ်ကြီးများပင်ဖြစ်သည်။

မြန်မာပြည်လွတ်လပ်ရေးကို ရရှိဖို့ကြိုးစားခဲ့တဲ့အထဲမှာ ကျွန်တော်တို့ သျှမ်းနီလူမျိုးတွေ အများကြီး ပါဝင်ခဲ့ပါသည်။ အဲ့ဒီအထဲကမှ လွတ်လပ်ရေး မော်ကွန်းဝင် ပထမအဆင့် (၇)ဦး၊ ဒုတိယအဆင့် (၃၅)ဦးနဲ့ တတိယအဆင့် (၂၆) ဦးရှိကြောင်း တင်ပြလိုက်ရပါသည်။

( သျှမ်းနီလေး ) လေးစားလျက်ပါ။

MOGAUNG EXPRESS မှပြန်လည်မျှဝေပေးပါသည်။

No comments:

Post a Comment