Monday, August 11, 2014

* တိမ်မြုပ်နေသော ဒို့သျှမ်းပြည် ၁။ *

အထက်မြန်မာပြည် မြောက်ပိုင်းတွင် နေထိုင်ကြသော သျှမ်းလူမျိုးများသည်  မြန်မာပြည်ဟုသီးခြား မပေါ်ပေါက်မှီ ကာလှကထဲက သီးခြား နေထိုင်းလာခဲ့ကြသော လူမျိုးများ ဖြစ်ကြောင်း သမိုင်းသက်သေ ထောက်အထားများ ခိုင်လုံစွာရှိသော သျှမ်းလူမျိုးများ ဖြစ်သည်။ ပူတာအို မိုးကောင်း မိုးးညင်း မိုးမိတ် ကော်လင်း  ၀န်းသို စသော် မြို့များသည် သျှမ်းနာမည်နင့် သျှမ်းများ တည်ထောင်ခဲ့သော မြို့ပြနိုင်ငံ များသာဖြစ်သည်။ ယခုအချိန်ထိလည်း သျှမ်းများနှင့် သျှမ်းလို့ခံယူနေသူ များလည်း ဒုနဲဒေးရှိနေပါသည်။

မြန်မာနိုင်ငံဟု ခေါ်တွင်သော ယနေ့ နိုင်ငံတော် တည်ဆောက်ရာတွင်လည်း ပါဝင်ပတ်သက်ခဲ့သော သျှမ်းများသာပင်ဖြစ်သည်။ ယခုဆိုလျှင် ယင်းဌာနေသျှမ်းများသည် မိမိစာပေ မပြောနှင့် စကားပင် ကွယ်ပျောက်လုနီးနီးပင်ဖြစ်သည်။ မျိုးဆက် တခုကျော် အတွင်းမှာပင် သျှမ်းကြာဗမာဖြစ် ဆိုသည့်အတိုင်း ဗမာဖြစ်သွားသူများက များပါသည်။ လူမျိုးရေး အမြင်ကျဉ်းမြောင်း၍ ပြောနေခြင်းမဟုတ်ပါ လူမျိုးတိုင်းဟာ မိမိအမျိုးကိုချစ်တဲ့ သူများဖြစ်သည်။

အထူးသဖြင့်   ကျနော်တို့လူမျိုးများသည် ရောင့်ရဲတင်းတိမ် တတ်ကြလို့ပါ ရောင့်ရဲ တင်းတိမ်ခြင်းသည်။ အခြားသူများ ၀ါးမြိုခြင်းကို လမ်းဖွင့် ပေးခြင်းသာဖြစ်သည်။ မြန်မာ့သမိုင်းနှင့် မြန်မာ့ဘုရင်စနစ်မှာလဲ ပါဝင်ပါတ်သက်ခဲ့သလို ကိုလိုနီခေတ် လွတ်လပ်ရေး ခေတ်မှာလဲ ပါခဲ့သူတွေ အများအပြားရှိခဲ့သည်။


အထူးသဖြင့် ဖဆပလ ခေတ်မှာအများအပြား ဗန်မော်နယ်ဖက်က ဗိုလ်အုံးကြိုင် ဆိုလျှင်ပင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အရင်းနှီးဆုံးသူ တယောက်ပါ ပြည်ထောင်စု အတွတ် ပြည်နယ်များ တောင်းဆို ကြရာတွင် ဗိုလ်အုံးမှ သျှမ်းနီလူမျိုးများ သည်လည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ပြည်နယ် ရသင့်ကြောင်း ပြောရာ ဗိုချုပ်မှ မင့်လူမျိုးတမျိုးထဲကို မကြည့်နဲ့ တတိုင်းလုံးတပြည်လုံးကို ကြည့်ပါလို့ ပြောဆို လိုက်ရာ ဗိုလ်အုံးသည်လည်း ပြည်ထောင်စုကို ရှေ့ရူကာ ရေငုံနုတ်ပိတ် နေလိုက်ခြင်း သည်၊ ကြီးစွာသော ဆုံးရူံးမကြီးပင်ဖြစ်သည်။

လွတ်လပ်ရေး ရရှိ၍ ပြည်ထောင်စု တည်ဆောက်ကြတဲ့ အချိန်မှာ ယင်းဌာနေ သျှမ်းများမှာတော့ ပြည်နယ်မပြောနှင့် အမျိုးသားရေး လက္ခဏာများ ပပျောက်ခါ သျှမ်းစကားပင် တတ်ရှာတောပါ ယနေ့စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်တွင် ဗမာရောင်ရောင်နဲ့ ကိုယ့်ကိုကိုယ် ဘာမှန်းမသိတဲ့ သျှမ်းတွေဟာ လူဦးရေအရ အများဆုံးပါ ကိုယ့်ဘေး ကိုယ့်ဘွား ကိုယ့်သွေး ကိုယ့်သားကိုမှ မချစ်ကြရင် ဘယ်သူလာချစ်ကြလဲ ဒို့ဘိုးဘေးတွေဟာ သျှမ်းဆိုတဲ့သွေးနဲ့ နယ်ချဲ့ ကိုလိုနီကို တွန်းလှန်ခဲ့ကြတာပါ လွတ်လပ်ရေးရမှ ဌာနေသျှမ်းတွေဟာ ပြည်နယ်မပြောနှင့် ကိုယ့်စကားတောင် မတတ်အောင်ဖြစ်နေကြပါသည်။

ယနေ့ပြောဆိုနေကြတဲ့ တိုင်းရင်းသားများအပါဝင် အခြားလူမျိုးများ လိုလားတဲ့ ဖယ်ဒရယ်ပြည်ထောင်စု ဆိုတာ ဘယ်ဟာလည်းလို့ စမ်းစစ်ဖို့တော့ လိုမည်ထင်ပါသည်။ ပထမ ပြည်ထောင်စုအစ ဖယ်ဒရယ်မှာတော့ သျှမ်းနီလူမျိုးတို့သည် အမျိုးသားရေး လက္ခဏာများ ပျောက်ဆုံးကာ ဗမာရောင်ရောင် ဖြစ်ခဲ့ရပေသည်။

 အထူးသဖြင့်နယ်စပ် အခြေစိုက် တိုင်းရင်းသား သင်တန်းများတွင် သျှမ်းဆိုသည့် အဖွဲ့တွင်လည်းမပါ ကချင်စတိတ် ကိုယ်စားပြုတဲ့  သင်တန်းများတွင်လည်း မည်သူမှ ခေါ်ယူပေးခြင်းများမရှိခဲ့ပါ..

ဖယ်ဒရယ် စနစ်တို့တက်လှမ်း နေကြသော တိုင်းရင်းသား ညီအကိုမောင်နှများအား တင်ပြလိုသည်မှာ

၁၉၄၇ အခြေခံဥပဒေ ဆိုတာဘာလဲ ဥပဒေအရ ဘယ်သူတွေ ဘယ်လူမျိုးတွေ တောင်းဆိုခဲ့ဘူးကြပါသလဲ..ရွှေမရှိတဲ့ဘုရား အများမရိုသေ သူပုန်မရှိတဲ့လူမျိုး အများမကိုးစားပေဆိုတာမျိုးပါ..

အမှန်စင်စစ် မြန်မာ့လွတ်လပ်ရေးဟာ ပင်လုံကြောင့်ရတာပါ ပင်လုံကြောင့်လဲ သျှမ်းနီတွေ သျှမ်းစကားမတတ် ဗမာရောင်ရောင် ဖြစ်ခဲ့ရတာပါ ဘယ်လိုပဲဖြစ်ဖြစ် အ တယ်လို့ပဲဆိုဆို ကိုယ့်ကိုကိုယ် သျှမ်းနီလို့ ခံယူသူတွေရှိနေသရွေ့ ကမ္ဘာတည်တရွေ့ရှိနေမှာပါ.. သျှမ်းနီစာဟာ ကိုလိုနီ ခေတ်မှ နေခြင်း ညခြင်း ပေါ်ပေါက်လာတာ မဟုတ်ပါ..

တိုင်းရင်းသား လူမျိုးတမျိုးလို့ သတ်မှတ်ခြင်း မခံခဲ့ရသူများမှာတော့ ပင်လုံရဲ့ အနက်အဓိပ္ဗါယ်ဟာ ဘာလဲတော့မသိ....

ကျနော်သိတာက...

ဦးထွန်းရင်သည် ၁၉၄၇ ခုနှစ်တွင် အတည် ပြုပြဌာန်း ခဲ့သော နိုင်ငံတော် ဖွဲ့စည်းပုံ မှုကြမ်း ရေးဆွဲစဉ် ကာလက ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် တိုင်းလျဲန်(ရှမ်းနီ) အမျိုးသား တဦးဖြစ်ပါသည်။

၁၉၇၄ ခုဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး ကော်မရှင် အဖွဲ့ဝင် တဦးလည်းဖြစ်ပါသည်။ ၎င်း ပုပုဂ္ဂိုလ်သည် လူမျိုးတမျိုဟု သတ်မှတ်ခေါ်ဆိုနိုင်သည့် အမျိုးသား လက္ခဏများဖြစ်သော ပြောဆိုသည့်စကား ကိုယ်းကွယ်သည့် ဘာသာ၊ ရိုးရာစာပေ ယဉ်ကျေးမှု၊ နေထိုင်ရာ တဆက်တည်းသော နယ်မြေ၊ တူညီသော သမိုင်းအစဉ်အလာ၊ တူညီသော အခြေခံစည်းပွားရေး၊ စသည့်အချက်များနှင့် ပြည့်စုံသော အထက်မြန်မာနိုင်ငံ ဧရာဝတီနှင့် သလ္လာဝတီ (ချင်းတွင်း) မြစ်ရိုး မြေပြန့်ဒေသရှိ သျှမ်းအမျိုးအ နွယ်များ၏ နယ်မြေကိုစုစည်း၍ ပြည်ထောင်စု အဖွဲ့ဝင် မြေလပ်သျှမ်းပြည်နယ် (တိုင်းလျဲန်ပြည်နယ်) သတ်မှတ်ဖွဲ့စည်းပေးရန် ဖွဲ့စည်းပုံ အခြေခံဥပေဒေ ရေးဆွဲရေး ကော်မရှင်သို့ ၂၄-၂-၇၂ ရက်နေ့စွဲပါ စာတမ်းဖြင့် တရားဝင်အဆိုပြု တင်ပြခဲ့ သူဖြစ်ပါသည်။

ထိုစဉ်ကာလတွင် တောတွင်း လက်နက်ကိုင် အဖွဲ့အစည်းများသည် ကချင်ပြည်နယ် အတွင်းသို့ သွတ်သွင်း သတ်မှတ်ခြင်း ခံခဲ့ရသော သျှမ်းဒေသမှ သျှမ်းလူမျိုးများနှင့် အခြားလူမျိုး များအား အစုလိုက် အပြုံလိုက် နှိပ်စက်ညှင်းဆဲ သတ်ဖြတ် ချုပ်ချယ်ခြင်းကို ခံခဲ့ရပါသည်။ တောတွင်း အဖွဲ့အစည်းများ နှိပ်စက်ညှင်းပမ်း ချယ်လှယ်ခြင်းကို မခံနိုင်၍ ဘေးရန်ကို ကာကွယ်ခုခံရန် လက်နက် ရရှိရေးအတွက် လူတစုက ပြည်ပြေး သောင်းကျန်းသူ အဖွဲ့သို့ သွားရောက်ဆက်သွယ်ခဲ့ပါသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ဦးထွန်းရင်အား နိုင်ငံတော် သစ္စာဖေါက် ကျူးလွန်သည်ဟု ၆-၁-၇၆ ရက်နေ့တွင် မန္တလေးအရှေ့တောင်တရား သူကြီးရုံးမှ စီရင်ဆုံး ဖြတ်၍ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခြင်းခံခဲ့ရပါသည်။

ယင်းဆုံးဖြတ်ချက်ကို မကြေနပ်၍ ဗဟိုတရားရုံး (မန္တလေးရုံးတိုင်း) သို့အယူခံခဲ့ရာတွင် ဦးထွန်းရင်သည် ကချင်ပြည်နယ်အတွင်းသို့ သွတ်သွင်း သတ်မှတ်ခြင်း ခံရသော သျှမ်းနယ်များကို စုစည်း၍ မြေပြန့် (မြေလပ်) သျှမ်းများအတွက် ပြည်နယ်သစ်တခု သတ်မှတ်ပေးရန် တင်ပြတောင်းဆိုခြင်းမှာ ဥပဒေအတွင်းမှ တင်ပြခြင်းသာ ဖြစ်ကြောင်း ဤကဲ့သို့ ဆောင်ရွက်ခြင်းကြောင့် နိုင်ငံတော်ကို သစ္စာဖေါက် ပုန်ကန်သည်ဟု မဆိုနိုင်ကြောင်း ဗဟိုတရားရုံးမှ သုံးသပ်ခဲ့ပါသည်။

၎င်းအပြင် တောတွင်း လက်နက်ကိုင် အဖွဲ့အစည်းများကို တိုက်ခိုက်ရန် လက်နက် ၀ယ်ယူရေး ကိစ္စတွင် ပြည်ပြေးအဖွဲ့နှင့် ဆက်သွယ်သူ တို့မှာလည်း ဦးထွန်းရင်နှင့် လုံးဝ ပတ်သက်ခြင်း မရှိသည့် အတွက် ဦးထွန်းရင်အပါဝင် ဦးစိန်တိုး၊ ဦးထွန်းဖေတို့အား ၁-၄-၇၇ ရက်နေ့တွင် ဗဟိုတရားရုံးမှ အပြီးအပြတ်လွှတ်ခဲ့ပါသည်။  ၁-၄-၇၇ ရက်နေ့စွဲပါ ၁၉၇၆ ခုနှစ်ပြစ်မှုဆိုင်ရာ အယူခံမှု အမှတ်-၁ ဗဟိုတရားရုံး (မန္တလေးရုံးထိုင်)၏ အစီရင်ခံချက်

                                                  ဆက်လျက်ဖော်ပြပါမည် ---> MOGAUNG EXPRESS မှ ပြန်လည်မျှဝေပေးပါသည်။

No comments:

Post a Comment