Monday, August 11, 2014

* ခန္တီးရှမ်းလူမျိုး၏ ရိုးရာဓလေ့ ထုံးစံများ *

  • ခန္တီးမြို့နယ်တွင်းရှိ ခန္တီးရှမ်းလူမျိုးများ၏ ဓလေ့ ထုံးတမ်းမှာ မြန်မာလူမျိုးများ၏ ဓလေ့ထုံးတမ်း နှင့် အလွန် နီးစပ်ပါသည်။

    သားသမီး မွေးဖွားခြင်း...----------------------မြန်မာလူမျိုးများကဲ့သို့ လက်သည် များဖြင့် မွေးဖွားကြသည်။ အမွှာပူး မွေးဖွားလျှင် စီးပွားရေး ချောင်လည် သည့် မိဘ ဖြစ်က ကျွေးမွေးစောင့်ရှောက် ၍ စီးပွားရေး ကြပ်တည်းပါက တစ်ဦး (အငယ်) ကို တစ်ပါ...းသူအား မွေးစား ရန် ပေးတတ်ပါသည်။

    သားသမီး ကင်ပွန်းတပ်ခြင်း----------------------------သားသမီးများ မွေးဖွားရာတွင် ငယ်အမည်များဖြင့် အောက်ပါ အတိုင်း မှည့်လေ့ရှိသည်။(၁) ပထမသားအား မောင်အိုက်(၂) ဒုတိယသားအား မောင်ညီ(၃) တတိယသားအား မောင်ဆမ်(၄) စတုတ္ထသားအား မောင်ဆိုင်(၅) ပဉ္စမသားအား မောင်ငို့(၆) ဆဋ္ဌမသား မောင်နှုတ်(၇) သတ္တမသား မောင်နု(၈) အဋ္ဌမသား မောင်နိုင်
    သမီးများ၏ ငယ်အမည်များ(၁) ပထမသမီးအား နန်းရေ(၂) ဒုတိယသမီးအား နန်းအီ(၃) တတိယသမီးအား နန်းအမ်း(၄) စတုတ္ထသမီးအား နန်းအိုင်(၅) ပဉ္စမသမီးအား နန်းအို့(၆) ဆဋ္ဌမသမီးအား နန်းအုပ်(၇) သတ္တမသမီးအား နန်းအေတ်(၈) အဋ္ဌမသမီးအား နန်းအက် သားယောက်ျားလေး (၇) ဦး ဆက်တိုက် မွေးဖွားသည့် အမျိုးသမီး သည် မြတ်သော အမျိုးသမီး ဟု သတ်မှတ်လေ့ ရှိသည်။ ယောက်ျားများ နှင့် တန်းတူ ဟု ပင် သတ်မှတ်လေ့ရှိသည်။
 

  • ( လျှမ်းခေါင်းပေါင်းမဲ )
     
  • လက်ထပ် ထိမ်းမြား မင်္ဂလာပွဲ-----------------------------အပျို၊ လူပျို ချစ်ခင် စုံမက်၍ အိမ်ထောင်ပြု ကြသည့်အခါတွင်အမျိုးသမီး၏ မိဘ များ ထံတွင် အမျိုးသားက သုံးကြိမ် သုံးခါ တိုင်တိုင် သွားရောက် တောင်းရမ်း ရသည်။ သုံးကြိမ် သုံးခါ တောင်းရမ်း ၍ မိဘက သဘောတူညီခြင်း မရှိပါက မင်္ဂလာဆောင် ၍ မရချေ။ မိဘ ဖြစ်သူများက ခွင့်ပြုပါက မင်္ဂလာပွဲ ကျင်းပသည်။ မင်္ဂလာဆောင် ရာတွင် အမျိုးသားဘက်မှ ခေါင်ခိုင်ခေါ် မျိုးရိုး လက်ဆောင် ကန်တော့ပွဲ အပါအ၀င် လက်ဖက်စို ကျည်အား ပေါင်းစု ချည်ရသည်။ ထို့အပြင် ပြည်တောင်း တစ်လုံးကို အသုံးပြု၍ ဆန် တစ်ပြည်၊ ကြက်ဥ နှစ်လုံး၊ ငွေ တစ်ကျပ် မှ လေးကျပ်ထိ ထည့်လျက် ပိတ်ဖြူလေးတောင် ချည်တစ်ခင် ဖြင့် ပတ်၍ ပါရသည်။ ထို မျိုးရိုးလက်ဆောင် ကန်တော့ပွဲအား နံနက်(၆) နာရီ ခန့်တွင် တစ်ကြိမ်၊ (၈) နာရီ ခန့်တွင် တစ်ကြိမ်၊ နံနက်(၁၀) နာရီတွင် တစ်ကြိမ် သုံးကြိမ် တိုင်တိုင် အဆိုပါ ကန်တော့ပွဲအား အမျိုးသားဘက်မှ ဦးဆောင်ကာ တာဝန်ခံ ကြောင်းလမ်းပေးသူ နှစ်ဦးက ကိုင်ဆောင်လျက် ဆွေကြောင်း မျိုးကြောင်း၊ အပြစ်အမှား မရှိ အမှန်အကန် ရိုးဖြောင့် တည်ကြည်စွာ ပေါင်းသင်းပါမည့် အကြောင်းများ အား အမျိုးသမီးဘက်မှ တာဝန်ယူသည့် ပုဂ္ဂိုလ် နှစ်ဦးထံ သွားရောက်၍ မင်္ဂလာစကားဆို၍ တောင်းရမ်း ရသည်။ ဤသို့ဖြင့် သုံးကြိမ် သုံးခါ ပြည့်မြောက်သော အခါ သားသမီးပေါများ၍ တစ်ဦးတစ်ယောက်မျှ ဆုံးပါးခြင်း မရှိသူ ဘိုးဘွား နှစ်ဦးက လက်ထပ် ထိမ်းမြား ပေး ၍ ခေါင်ခိုင်တွင် ပါလာသည့် ချည်ခင်များဖြင့် လက်ဖွဲ့စည်းနှောင်ကာ ဆုတောင်း ပတ္တနာ ပြုပေးကြလေသည်။ ယခင် ရှေးအခါက မျိုးရိုးလက်ဆောင် ကန်တော့ပွဲများတွင် ကွမ်းဖိုး ကို တင်လေ့ရှိ၍ ယခုအခါမူ ကွမ်းဖိုး တင်လေ့မရှိကြတော့ပေ။ ညနေပိုင်းတွင် သတို့သား၊ သတို့သမီး မောင်နှံစုံသည် အမျိုးသမီးဘက်မှ မိခင်၊ ဖခင် ဆွေမျိုးများအား သွားရောက် ကန်တော့သည်။ ညပိုင်းတွင် မိတ်သင်္ဂဟ၊ လူငယ် အပေါင်းအသင်း များ က ခဲဖိုး တောင်းလာသည်ကို ကြိုဆိုဧည့်ခံ ကျွေးမွေးခြင်း ပြုပေးရသည်။
    စစ်ကိုင်းတိုင်း ခန္တီးမြို့နယ် မြို့နယ်မှတ်တမ်း~~~~ မှ ကောက်နှုတ်ဖော်ပြချက်!

                                   MOGAUNG EXPRESS မှပြန်လည်မျှဝေပေးပါသည်။

No comments:

Post a Comment