Monday, August 11, 2014
* တိမ်မြုတ်နေသော သျှမ်းပြည် ၃။ *
ယခု မျက်မှောက် ကာလတွင် သျှမ်းပြည်(သို့) သျှမ်းပြည်နယ်ဟု ဆိုလိုက်သည်နှင့် တပြိုင်နက် မြန်မာနိုင်ငံအရှေ့ ဖက်ရှိ သျှမ်းတောင်တန်းဒေသနှင့် သျှမ်းကုန်းပြင်မြင့်ဒေသကို ဦးစွာလှမ်းမျှော် ကြည့်ကြ မည်ဖြစ်ပါသည်။ ၎င်းဒေသမှာ အုပ်ချုပ်ရေး နိုင်ငံရေး ယဉ်ကျေးမှု အစရှိသည်တို့မှာ  သျှမ်းအမျိုးသား လက္ခဏာရပ်များ စဉ်ဆက်မပြတ် ဖေါ်ဆောင်ခွင့်များ ထင်ရှားခဲ့ကြ၍လည်း ဒေသခံက ၎င်းတနိုင်ငံလုံးက၎င်း သျှမ်းပြည် သျှမ်းဒေသ ဟု အသိမှတ်ပြု နေဆဲဖြစ်ပါသည်။
သို့ရာတွင် သျှမ်းကုန်းပြင်မြင့်နှင့် သျှမ်းတောင်တန်း ဒေသရှိ သျှမ်းမြို့ သျှမ်းရွာများထက် သမိုင်းအစဉ် အလာစောစွာ တည်ထောင်ခဲ့သော ရှေးဟောင်းသျှမ်းဒေသကိုမှု သျှမ်းပြည်ဟု သတ်မှတ်မရ နိုင်လောက်အောင် ကိုယ်ပိုင်အမျိုးသား လက္ခဏာများ တိမ်မြုတ် ကွယ်ပျောက်ခြင်းခံခဲ့ ရပါသည်။ မည်သို့ပင်ဆိုစေ ဒေသ၊ လူမျိုး၏ သမိုင်း အစဉ်အလာကို လေ့လာကြည့်ရှုပါလျှင် သျှမ်းပြည်နယ် သျှမ်းမျိုး နွယ်ဝင်များသာ ဖြစ်ကြောင်း ထင်ရှားစွာတွေ့ရှိ ရမည်ဖြစ်ပါသည်။
ရှင်းလင်းချက် (၂)သျှမ်းဗမာလူမျိုးဟုဆိုရာ၌ သျှမ်းနှင့်ဗမာ ပေါင်းစပ်ထားသော လူမျိုးမဟုတ်ပါ တိုင်းလျဲန်(သျှမ်းနီ) လူမျိုးကိုသာ ဗမာတွေက ဗမာဇာတ်တွင်း ရည်ညွန်းခေါ် ဆိုခြင်းသာ ဖြစ်ပါသည်။ မြန်မာဆန်သော သျှမ်းများ ဖြစ်၍ သျှမ်းဗမာလူမျိုးဟု ခေါ်ဆိုကြသော်လည်း အမှန်စင်စစ် ထိုသူများသည် သျှမ်းများသာ ဖြစ်ကြောင်း မြန်မာ့စွယ်စုံကျမ်း အတွဲ ၁၁- စာမျက်နှာ ၄၅၀ တွင်ဖေါ်ပြထားပါသည်။
မိဘ ဘိုးဘွားလက်ထက်တွင် သျှမ်းဘာသာစကားကို ပြောဆိုကြ သေးသော်လည်း နောက်လူငယ်များသည် သျှမ်းစကား၊ သျှမ်းစာပေကို တတ်ကျွမ်းနား လည်သူ တဖြည်းဖြည်း နည်းပါးလာပါသည်။
သျှမ်းတရုတ် ဆိုရာ၌လည်း ဒေသခေါ် တိုင်းနေ (အထက်သျှမ်း) လူမျိုးသာဖြစ်ပါသည်။ သျှမ်းလူမျိုးနှင့် တရုတ်လူမျိုးစပ်သည့် ကပြားလူမျိုးမဟုတ်ပါ။ ကိုယ်ပိုင်သျှမ်းစကား၊ သျှမ်းစာပေများရှိသော သျှမ်းမျိုးနွယ်များဖြစ်သည်။ သျှမ်းတရုတ် ဟူသောအခေါ်မှာ ဗမာများက ခေါ်တွင်သော အမည်သာဖြစ်ပါသည်။
တိုင်း(တီး) ခေါ်သျှမ်းလူမျိုး
သျှမ်းလူမျိုးများသည် မိမိတို့သျှမ်းများကို သျှမ်းဘာသာစကားဖြင့် တိုင်း(တီး) ဟုခေါ်ကြသည်။ နေထိုင်ရာဒေသ၏ ပထ၀ီအနေအထား၊ ရာသီဥတို၊ ပန်ဝန်းကျင် ကွဲပြားမှုကြောင့် ပြောဆိုသည့် စကားများ၊ လေယူလေသိမ်း အလေးအပေါ့ကွဲပြားမှု၊ ရာသီဥတို၏ ၀န်းကျင်ကြောင့် ၀တ်စားဆင်ယင်မှုနှင့် ဓလေ့ထုံးစံများ အနည်းငယ်ကွဲပြားစေကာမှု သျှမ်းလူမျိုး အနွယ်ဝင်များသည် သျှမ်းလူမျိုးတမျိုး အဖြစ်လက်ခံယုံကြည်လျှက် ရှိသည်။
ဗမာပဒေရာဇ်နှင့် သျှမ်းပဒေသရာဇတို့၏ တန်းခိုးသြဇာပြိုင်ဆိုင်မှု သျှမ်းနယ်မြေစုများနှင့် သျှမ်းနယ်မြေစုများကို စုစည်းဦးဆောင်နိုင်သော သျှမ်းမင်း၊ သျှမ်းစောဘွား ပေါ်ပေါက် လာသောအခါ သျှမ်းပဒေသရာဇ် ပြည်ထောင်စု(သို့) သီးခြားလွတ်လပ်သော နိုင်ငံထူထောင် လာခဲ့သည်။ ထူထောင်ရန် ကြိုးစား လာခဲ့ကြပါသည်။
ထိုသို့ သောကာလတွင် အောက်မြန်မာနိုင်ငံ ရှိ မြန်မာမင်း ပဒေသရာဇ်များနှင့် တန်းခိုးသြဇာ ပြိုင်ဆိုင်မှုများ နယ်မြေချဲ့ထွင်မှုအတွက် ကပြန်အလှန် တိုက်ခိုက်မှုများ ပေါ်ပေါက် လာခဲ့သည်ကို တွေ့ရပါသည်။ သို့ဖြစ်၍လည်း ပုဂံခေတ်အနော်ရထာ(အနုရုဓ္ဒ) မင်း (AD-1044-1077) လက်ထက်တွင် မြန်မာတို့ အုပ်ချုပ်သော ပုဂံနေပြည်တော်၏ အရှေ့ဖက်နှင့် မြောက်ဖက်တလွားမှ သျှမ်းများ၏ ရန်ကိုကာကွယ်ရန် အလိုငှါး သျှမ်းတောင် တန်းခြေရင်းနှင့် ဧရာဝတီမြစ်ရိုး တလျှောက်တွင် နယ်ခြေားစောင့်တပ် (43)မြို့ကိုတည်ထောင် ခဲ့ရခြင်း။
သျှမ်းပဒေရာဇ်များ၏ တံခိုးသြဇာ လွှမ်းမိုးသောခေတ် (AD-1526-) ခုနှစ်တွင် မိုးညှင်းစော်ဘွား စစ်လုံနှင့် သားသိုဟန်ဘွား (ဆေဟန်ဖ) တို့ဦးဆောင်၍ အင်းဝနေပြည်တော် ရွှေနန်းကျော့ရှင်ကို တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး၊ မြန်မာ့အစဉ် အလာအရ မြန်မာနိုင်ငံ အလယ်ပိုင်းတွင် သျှမ်းမင်းများ အနှစ် (50) ခန့် အုပ်စိုးခဲ့ခြင်း၊(မြန်မာ့စွယ်စုံ ကျမ်း အတွဲ ၁၁၊ စာမျက်နှာ-၁၄၇) 
တောင်ငူခေတ် ဘုရင့်နောင်လက်ထက်တွင် အထက်မြန်မာနိုင်ငံ သျှမ်းပြည်များဖြစ်သော မိုးညှင်း၊ မိုးကောင်း၊ ကသာ၊ဗန်မော်၊ ကလေး၊ မိုးမိတ်၊ သီပေါ၊ သုံးဆယ် စသောနယ်များကို တိုက်ခိုက် သိမ်းပိုက်ပြီး၊ မြန်မာမင်းတို့၏ သစ္စာကို ခံယူစေခဲ့ပါသည်။
ထိုခေတ် ကာလတွင် မိုးညှင်း၊ မိုးကောင်း၊ မိုးမိတ်၊ ကလေး၊ တောင်သွပ်၊ ညောင်ရွှေ၊ သိန္ဒီ၊ သီပေါ၊ မိုးဗြဲ၊ မိုးနဲ ဟူသော သျှမ်းကိုးစော်ဘွားနယ် များကို သီးခြားထားပြီးလျှင် ထိုနယ်ရှ င်စော်ဘွားများကို မြန်မာမင်းတို့က စော်ဘွားကြီး များ၏ အစီးအနင်း အဆောင်အရွက်များကို ခွင့်ပြုခဲ့ပါသည်။ နောင်မြန်မာမင်း အဆက်ဆက်တို့ကလည်း ထီးရံ၊ နန်းရံ လက်နက်နိုင်ငံများအဖြစ် အသိမှတ်ပြုလေသည်။ (မြန်မာ့စွယ်စုံကျမ်း အတွဲ ၁၁၊ စာမျက်နှာ ၃၈၈)
တောင်ငူမင်းဆက် မဟာဓမ္မရာဇာမင်း  (AD-1733-52) လက်ထက်တွင် မြန်မာမင်းတန်းခိုးသြဇာ ကျဆင်း၍ သျှမ်းနယ်မှ သျှမ်းစောဘွားများသည် မြန်မာမင်းများ၏ သြဇာကို မခံယူတော့ဘဲ သျှမ်းပြည်ထောင် များသည် သီးခြားလွတ်လပ်သော သျှမ်းပြည်ထောင်များ အဖြစ်သို့ ရောက်ရှိခဲ့သည်။ ကုန်းဘောင်မင်းဆက် ကိုထူထောင်သော အလောင်းမင်းတရားအမည်ခံ ဦးအောင်ဇေယျ (AD-1752-60) လက်ထက် ရောက်သော အခါတွင် သျှမ်းနယ်များကို တိုက်ခိုက် သိမ်းပိုက်စုစည်းခဲ့ရပြန်သည်။
ဤသမိုင်းဖြစ်စဉ် များသည် အထက်မြန်မာနိုင်ငံအတွင်း သျှမ်းဒေသနှင့် သျှမ်းမျိုးနွယ်ဝင်များ၏ သမိုင်းအခန်း ကဏ္ဍကို ထိန်ချန် ပယ်ဖျောက်၍ မရသောသာဓက များလည်းဖြစ်ပါသည်။
မြန်မာမင်းများ လက်ထက် သျှမ်းပြည်ေ တာင်တန်း များအား ပိုင်းခြားသတ်မှတ်မှုမြန်မာမင်းများ တန်ခိုးသြဇာ လွမ်းမိုးသော တောင်ငူခေတ်တွင် မြန်မာမင်းများသည် သျှမ်းကုန်ြး   ပြင်မြင့် တောင်တန်းရှိ သျှမ်းပြည်များနှင့် မြန်မာနိုင်ငံ အထက်ပိုင်းရှိ သျှမ်းပြည်များကို လက်အောက်ခံ စော်ဘွားများ အုပ်ချုပ်သော သျှမ်းပြည် အဖြစ်အသိ အမှတ်ပြုခဲ့သည်။ တောင်ငူခေတ်တွင် မြန်မာနိုင်ငံ၏ အရှေ့ဖက်ဒေသနှင့် အထက်ပိုင်း ဒေသတို့မှာ မိုးကောင်း၊ မိုးညှင်း၊ မိုးမိတ်၊ ကလေး(တောင်သွပ်) ညောင်ရွှေ၊ သိန္ဒီ၊ သီပေါ၊ မိုးဗြဲ၊ မိုးနဲ၊ ပါဝင်သော သျှမ်းကိုပြည်ထောင်(၉)နိုင်ငံ အဖြစ်တည်ရှိနေသည်ကို တွေ့ရှိရပါသည်။
ကုန်းဘောင်မင်းဆက်ကို ထူထောင်သော အလောင်းမင်းတရား အမည်ခံ ဦးအောင်ဇေယျ ဦးဆောင်၍ သျှမ်းနယ်များကို သိမ်းပိုက်စုစည်းလိုက်သည် နောက်ပိုင်းတွင် သျှမ်းနယ်များကို အောက်ပါအတိုင်း နယ်မြေပိုင်းခြား သတ်မှတ်ခဲ့ကြောင်း မြန်မာသက္ကရာဇ် ၁၁၂၇ ခုနှစ် အင်းဝဆင်ဖြူရှင် ထိုးမှတ်သော ရွှေဘုံစံတုလွှတ်ကျောင်း ကျောက်စာတွင် တွေ့ရပါသည်။
(က) မိုးနဲ၊ ညောင်ရွှေ၊ ရပ်စောက်၊ မိုးဗြဲ၊ သိန္ဒီ၊ ကိုင်းမား၊ သီပေါ၊ မိုးမိတ်၊ မိုင်းလုံ၊ သုံးဆယ် ဟူသောမြို့ကြီးအပေါင်းတို့ဖြင့် တန်ဆာဆင်အပ်သော စော်ဘွားအပေါင်းတို့ နေရာကို ကမ္ဘောဇတိုင်း ဟုလည်းကောင်း၊
(ခ) မိုးတား၊ မိုးမိတ်၊ မိုးညှင်း၊ မိုးကောင်း၊ ခန္တီး၊ ထက်ခေါင်၊ မိုင်းလုံ ဟူသောမြို့ကြီးအပေါင်းတို့ဖြင့် တန်ဆာဆင်အပ်သည့် သုံးဆယ်သောသျှမ်းစော်ဘွားတို့နေရာဖြစ်သော အာဠ၀ီတိုင်း ဟုလည်းကောင်း၊
 (ဂ) မိုင်းမော၊ စည်ခွင်၊ ဟိုသာ၊ လသာ၊ မိုင်းနား၊ စန္ဒာ၊ မိုးဝန်းစသော မြို့ကိုးမြို့ဖြင့် တန်ဆာဆင်အပ်သော သျှမ်းတို့နေရာ မောကိုးခွင်ဟူသော မောရိယတိုင်း (ယခု ယူနန်ပြည်နယ်)
(ဃ) ကထိုး၊ ၀ိုးငံ၊ ဆေးသင်၊ ကောင်းစင့်၊ ငရင်း၊ ငရုန်း၊ ယင်းကပ်၊ ဟူသောမြို့ကြီးအပေါင်းတို့ဖြင့် တန်ဆာဆင်အပ်သော၊ ဗန်းမော၊ သျှမ်းစော်ဘွားတို့နေရာကို နံ့တိုင်း ဟုလည်းကောင်း၊
  (င) မိုးကုတ်ကြပ်ပြင်၊ ရေလျှံစသော မြို့ငယ်အပေါင်းတို့ဖြင့် တန်ဆာဆင်အပ်သော ငို့သူကြီးတို့နေရာကို မဟိသကတိုင်း ဟုလည်းကောင်း၊
(စ) ကလေး၊တောင်သွတ်၊ ထီးလင်း၊ ယော၊ ဆော၊ စကု၊ စလင်း၊ မဖဲ၊ မင်းတုန်း စသော (၂၇)မြို့ဖြင့် တန်ဆာဆင်အပ်သော သုနာပရန္တတိုင်း စသည်ဖြင့် မြန်မာနိုင်ငံ အရှေ့ပိုင်းနှင့် အထက်ပိုင်း သျှမ်းပြည်တို့ ကိုပိုင်းခြား သတ်မှတ် ခဲကြောင်းတွေ့ရှိပါသည်။
ကုန်းဘောင်ခေတ်တွင် မြန်မာနိုငံကို မြန်မာနယ်၊သျှမ်းနယ်ဟူ၍ခွဲခြားပြီး မြန်မာနယ်ကို ခရိုင်ဆယ်မှူးရုံးဟု အောက်ပါ အတိုင်းခွဲခြား အုပ်ချုပ်ခဲ့ကြပါသည်။(က) ပဌမ ဌာန--- ရွှေကြိုးသတ်နယ်မြေ- ရွှေမြို့တော်ခရိုင်(ခ) ဒုတိယ် ဌာန---အ၀မြို့ခရိုင်(ဂ)တတိယ ဌာန---တောင်ငူခရိုင်(ဃ) စတုတ္ထဌာန---တောင်တွင်းကြီးခရိုင်(င) ပဉ္စမ ဌာန---အောက်မြင်စဉ်ခရိုင်(စ) ဆဌမ ဌာန---စစ်ကိုင်းခရိုင်(ဆ) သတ္တမ ဌာန စစ်ကိုင်းခရိုင်(ဇ) ဆဌမ ဌာန---စစ်ကိုင်းခရိုင်(ဈ) အဌမ ဌာန---ရတနာသိင်္ဃခရိုင်(ည) ဒဿမ ဌာန--- အညာမြင်းစဉ်ခရိုင်တို့ဖြစ်ပါသည်။
ယနေ့ သျှမ်းပြည်ဟုခေါ်သော သျှမ်းကုန်းပြင်မြင့် သျှမ်းတောင်တန်း ဒေသရှိ သျှမ်းပြည်များကို အုပ်ချုပ်သော သျှမ်းစော်ဘွားများ တို့အပေါ်တွင် မြန်မာမင်းတို့က သိန္နီတပ်ရုံး၊ မိုးနဲတပ်ရုံး၊ မိုးဗြဲတပ်ရုံး၊ ဟူ၍ တပ်ရုံးသုံးရုံးဖွင့် လှစ်၍ အုပ်ချုပ်စေခဲ့သည်။
တောင်ပိုင်း မိုးမိတ်၊ ၀န်သို၊ တောင်သွပ်၊ ကလေးမြို့များသို့ စော်ဘွားများကို ဦးထိုက်တမ်း မှတ်သား၍ သီးခြားဆင့်ဆို အုပ်ချုပ်စေခဲ့ကြောင်းနှင့် မိုးညှင်း၊ မိုးကောင်း၊ ဗန်းမော်စသောမြို့ရွာများကို သျှမ်းစော်ဘွားများ မထားတော့ဘဲ မြန်မာအဝေးရောက်မြို့ဝန်များ ခန့်ထားစေလွှတ် အုပ်ချုပ်စေခဲ့ကြောင်း မြန်မာ့စွယ်စုံကျမ်း အတွဲ ၁၁၊ စာမျက်နှာ ၃၉၀တွင် လေ့လာတွေ့ရှိ ရပါသည်။
ယင်းကဲ့သို့ သမိုင်းအပြောင်းအလဲ ကိုခံရသည် ဗန်းမော်၊ မိုးညှင်း၊ မိုးကောင်း စသောသျှမ်း မျိုးနွယ်စုများ၏ ဒေသများသည် မှုလက သျှမ်းစော်ဘွားများ၊ အုပ်ချုပ်ခဲ့သော သျှမ်းပြည်အဖြစ် တည်ရှိခဲ့သော်လည်း နောက်ပိုင်းမြန်မာမင်းတို့ စေလွှတ်သော မြန်မာ အဝေးရာက် မြို့ဝန်များ အုပ်ချုပ်ခဲ့သော သျှမ်းပြည်ဖြစ် ခဲ့ရကြောင်းတွေ့ရှိပါသည်။
တဖန်ကုန်းဘောင် မင်းဆက် သီပေါမင်းမှ 1882 ခုနှစ် မြန်မာ၁၂၄၄ ခုနှစ်တွင်  ပေါမိုင်း ထမုံ သူကြီး ခေါင်းကြီးရွာအုပ်တို့မှစ၍ သဘော တူညီကြချက်အရ စ၀်အောင်မြတ်အား ၀န်းသို့စော်ဘွားအရာ ခန့်အပ်ပြန်သည်။ သောင်သွတ် နှင့် ခန္တီးနယ်များ တွင်လည်း စော်ဘွားများ ရှိကြပြီးဖြစ်သည်။  မြန်မာဘုရင် လက်အောင်ခံ စော်ဘွားများဟု ဆိုပေမဲ့ ယင်းစော်ဘွား အုပ်ချုပ်ရာ ဒေသမျးမှ  အချုပ်အခြာ အာဏာ အားလုံးသည် စော်ဘွားကြီးလက်ထဲ မှာသာလျှင်ရှိသည်။
ဖက်ဒရယ် ပြည်ထောင်စုသို့ ချီတက်နေကြသော တိုင်းရင်းသာ ညီအကိုများမောင်နှမများနှင့် အနာဂတ် သျှမ်းလူငယ်များ သျှမ်းအမျိုးသားထု တရပ်လုံးတို့အား ရည်စူး၍ စုစည်းတင်ပြလိုက်ရပါသည်။ အိပ်ပျော်နေသော ကျားများလည်း နိုးထနိုင်ပါစေ... ခေးဆေ ယါငေ့
    MOGAUNG EXPRESS မှပြန်လည်မျှဝေပေးပါသည်။
No comments:
Post a Comment